Home
မြန်မာသတင်း
ချောက်မြို့၌ လေးလအတွင်း စည်းကမ်းမလိုက်နာသည့်ဆိုင်ကယ် အရေးယူမှုဒဏ်ငွေ သိန်း ၆၀၀ ခန့်ရရှိ
DVB
·
September 19, 2020
ဆိုင်ကယ်အရေးယူမှု
မကွေးတိုင်း၊ ချောက်မြို့မှာ လေးလအတွင်း စည်းကမ်းမလိုက်နာလို့ မော်တော်ဆိုင်ကယ် ဖမ်းဆီးအရေးယူထားတဲ့ ဒဏ်ငွေ သိန်း ၆၀၀ နီးပါး ရှိပြီလို့ မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်းရေး တာဝန်ခံ ရဲအရာခံ မျိုးမြင့်အောင်က ပြောပါတယ်။ “ယာဉ်ဖမ်းဆီးမှုအနေနဲ့ တရားရုံးမှာ ၁၉၇၈ စီးဆိုတော့ ဒဏ်ငွေ သုံးသောင်းစီ သွင်းရလို့ သိန်းခြောက်ရာနီးပါး ရှိနေပါပြီ။”   ၂၀၂၀ မော်တော်ယာဉ် ဥပဒေသစ်ပြဋ္ဌာန်းပြီးနောက် ချောက်မြို့မှာ မေလ လကုန်ပိုင်းကနေ စက်တင်ဘာ ၁၉ ရက်နေ့အထိ နေ့စဉ် မော်တော်ဆိုင်ကယ် ဦးထုပ်မဆောင်း၊ မေးသိုင်းကြိုးမတပ်၊ သုံးယောက်စီးတာနဲ့ မီးနီဖြတ်တာတို့ကို ဖမ်းဆီးအရေးယူထားတဲ့ အမှုပေါင်းကလည်း ၁၉၇၈ မှုအထိ ရှိတယ်လို့ သိရပါတယ်။ နေစဉ် အရေးယူမှုကတော့ အခုနောက်ပိုင်း ၁၅ မှုကနေ ၂၅ မှုရှိနေပြီး မေးသိုင်းကြိုး မတပ်တာတွေ များတယ်လို့ ရဲအရာခံ မျိုးမြင့်အောင်က ပြောပါတယ်။ ကိုလင်း(ချောက်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013