ဒီပဲယင်းမြို့နယ်၌ ကိုဗစ်-၁၉ လူနာ ၁ ဦး တွေ့
DVB
·
September 17, 2020
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာမှာ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ အမျိုးသမီးတစ်ဦးကို Quarantine ထားပြီး ဓာတ်ခွဲနမူနာ ယူစစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ပါတယ်။
အဆိုပါလူနာနဲ့ ကားအတူတူစီးလာသူ ၁၈ ယောက်ရှိပြီး အဲဒီထဲက ၁၂ ယောက်ကတော့ သက်ဆိုင်ရာနေရမှာပဲ Quarantine ဝင်နေကာ ကျန်တဲ့ ၆ ယောက်ကိုတော့ ဆက်သွယ်လို့ မရသေးဘူးလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ဖြိုးသူက ပြောပါတယ်။
အဆိုပါ ပိုးတွေ့တဲ့လူနာကို ၁၅ ရက်နေ့က နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ရယူခဲ့ပြီး ၁၇ ရက်နေ့မှာတော့ ပိုးတွေ့ရှိတယ်ဆိုတဲ့ ဓာတ်ခွဲခန်းအဖြေထွက်ရှိခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ လူနာဟာ ကျန်းမာရေး ကောင်းမွန်နေပြီး ဒီပဲယင်း ပြည်သူ့ဆေးရုံ သီးသန့်ဆောင်မှာ ပြောင်းရွေ့ထားပါတယ်။
သတင်း - ပြည့်ဖြိုးကိုကို