Homeမြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါကို အမျိုးသားရေးတာဝန်အဖြစ် စည်းလုံးညီညွတ်စွာတုံ့ပြန်ရန် သမ္မတ တိုက်တွန်း
ကိုဗစ်-၁၉ ရောဂါကို အမျိုးသားရေးတာဝန်အဖြစ် စည်းလုံးညီညွတ်စွာတုံ့ပြန်ရန် သမ္မတ တိုက်တွန်း
DVB
·
September 17, 2020
ကမ္ဘာလုံးဆိုင်ရာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် တာဝန်ကိုယ်စီရှိကြတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်၊ ညွှန်ကြားချက်၊ အကြံပြုချက်တွေနဲ့ အညီ နိုင်ငံသူ/ နိုင်ငံသားအားလုံး အတူတကွ စည်းလုံးညီညွတ်စွာနဲ့ တုံ့ပြန်ဖြေရှင်းကြဖို့ သမ္မတ ဦးဝင်းမြင့်က မေတ္တာရပ်ခံလိုက်ပါတယ်။
နိုင်ငံသူ/ နိုင်ငံသားတွေအားလုံး ကိုဗစ်ရောဂါဘေးမှ ကင်းဝေးကြဖို့၊ ကိုဗစ်ရောဂါကူးစက်မှု အမြန်ဆုံးချုပ်ငြိမ်းကြစေဖို့နဲ့ နိုင်ငံသူ/ နိုင်ငံသားအားလုံး အန္တရာယ်ခပ်သိမ်း ဘေးခပ်သိမ်း ကင်းငြိမ်းကြစေဖို့ နေ့စဉ် ဆုတောင်း မေတ္တာပို့သတယ်လို့လည်း သမ္မတ ဦးဝင်းမြင့်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအသစ်တွေ နေ့စဉ် ရာနဲ့ချီတွေ့ရှိနေတာဖြစ်ပြီး ရောဂါကူးစက်ခံရသူတွေအထဲက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေသာမက လူငယ်လူလတ်ပိုင်းတွေ သေဆုံးတာတွေ လည်း ဆက်တိုက်ရှိ နေပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၇ ရက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃,၈၉၄ ဦး၊ သေဆုံးသူ ၄၆ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့တဲ့ လူနာဟောင်း ၉၀၈ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၈၀ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။
ဓာတ်ပုံ- President Office