ကလေးမြို့ ပြည်သူ့ဆေးရုံတွင် စက်တင်ဘာ ၁၇ ကစပြီး ကိုဗစ်-၁၉ ရောဂါစတင်စစ်ဆေး
DVB
·
September 17, 2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ပြည်သူ့ဆေးရုံမှာ စက်တင်ဘာ ၁၇ ရက်နေ့က စပြီး ကိုဗစ်-၁၉ ရောဂါရှိမရှိ စတင်စစ်ဆေးနိုင်တော့မယ်လို့ ကလေးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောပါတယ်။
လောလောဆယ်မှာ ကိုဗစ်-၁၉ ရောဂါ ရှိမရှိ တနေ့ကို ၁၀ ဦးလောက်သာ စစ်ဆေးနိုင် မယ်လို့ သိရပါတယ်။
လူဦးရေများများ စစ်ဆေးနိုင်ဖို့အတွက် လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ တောင်းဆိုထားတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောပါတယ်။
ကလေးမြို့မှာ နိုင်ငံခြား နဲ့ stay at home ကြေညာထားတဲ့ နေရာတွေကနေ လာတဲ့ သူတွေအားလုံးကို quarantine ထားရှိပြီး သုံးယောက်မှာ ရောဂါပိုး တွေ့ရှိထားပါတယ်။
ကလေးမြို့ လက်ရှိအခြေနေကတော့ negative ထွက်တဲ့အရေနဲ့ positive ထွက်တဲ့အရေတွက်အရ စိုးရိမ်ရတဲ့အခြေနေတော့ မရောက်သေးဘူးလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောပါတယ်။
သတင်း - ပြည့်ဖြိုးကိုကို