မောင်ဆောင်းခကို ငွေဒဏ် ကျပ် ၃၀၀၀၀ ချမှတ်
DVB
·
September 4, 2020
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အင်တာနက်ပြန်ဖွင့်ပေးရေး တောင်းဆို လှုပ်ရှားခဲ့တဲ့ အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခကို ကျောက်တံတားမြို့နယ်တရားရုံးက ဒီကနေ့ ငွေဒဏ် ကျပ် ၃၀၀၀၀ ချမှတ်လိုက်ပါတယ်။
ဇွန် ၂၁ ရက်က ရခိုင်ပြည်နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမှာ အင်တာနက် ဖြတ်တောက်ခံထားရမှု တစ်နှစ်ပြည့်အဖြစ် ဆူးလေ လူကူး ခုံးကျော်တံတားပေါ်မှာ “စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေ၊ လူသတ်နေတာ မသိစေချင်လို့ အင်တာနက်ဖြတ်တာလား”၊ “ရခိုင်နဲ့ချင်းမှာ အင်တာနက်ဖြတ်တောက်မှု အလိုမရှိ” စာသားပါ ပိတ်စတွေ ချိတ်ဆွဲခဲ့ပြီးနောက် တရားစွဲခံရတာပါ။
မောင်ဆောင်းခကို ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ တရားစွဲဆို ခဲ့ကာ ကျောက်တံတားမြို့နယ်တရားရုံးက ဒီကနေ့ အပြီးသတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
Photo - Ye Myo Khant / MPA