Home
Lead Story
တောင်ဥက္ကလာနေ ပိုးတွေ့လူနာ မြောက်ဒဂုံ Capital စူပါမားကတ်ဝန်ထမ်းဖြစ်
ညီငယ်
·
September 3, 2020
118696832_3435192543207921_8747752291197689499_n
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ မနေ့ညထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့ ၅၇ ယောက်ထဲက ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နေသူ ပိုးတွေ့လူနာဟာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် Capital စူပါမားကတ် ဝန်ထမ်းတစ်ယောက်ဖြစ်တာကြောင့် အဲဒီ စူပါမားကတ်ကို လော့ဒေါင်းလုပ်လိုက်ပြီလို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။ ဘယ်ကကူးမှန်းမသိတဲ့ ဒီလူနာကို တောင်ဥက္ကလာဆေးရုံကိုပို့ထားပြီး သူနဲ့ထိတွေ့သူတွေကို ရှာဖွေစုံစမ်းနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ မနက်အထိ ပိုးတွေ့လူနာ ၁၀၅၈ ယောက်ရှိပြီး အဲဒီထဲက ၄၄၃ ယောက်ကတော့ ရန်ကုန်တိုင်းက ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024