ကိုးကန့်ဒေသကို လာရောက်သူများ ကိုယ့်စရိတ်နှင့်ကိုယ် ကွာရန်တင်းဝင်ရမည်
DVB
·
September 3, 2020
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို လာရောက်သူတွေအနေနဲ့ ကိုယ့်စရိတ်နဲ့ကိုယ် ကွာရန်တင်းဝင်ရောက်ရမယ်လို့ စက်တင်ဘာလ ၂ ရက်နေ့က အသိကြေညာထားပါတယ်။
ရောဂါဖြစ်ပွားတဲ့ ဒေသတွေကနေ ကိုးကန့်ဒေသကို မဖြစ်မနေလာရောက်မယ်ဆိုရင် မိမိစရိတ်နဲ့ ကွာရတင်းစင်တာမှာ ၁၄ ရက်နေထိုင်ပြီး ဆေးစစ်မှုနှစ်ကြိမ်ပြုလုပ်ရမှာဖြစ်ကာ Home quartaine တပတ်ဆက်နေရမှာ ဖြစ်ပါတယ်။
ဒေသပြင်က ဧည့်သည်တွေကို ဖိတ်ခေါ်ခြင်းမပြုဖို့နဲ့ မဖြစ်မနေလာရောက်ဖို့ ရှိသူတွေအနေနဲ့ ကျန်းမာရးဌာနကို သတင်းပို့ပြီး ညွှန်ကြားချက်နဲ့ အညီ နေထိုင်ရမှာဖြစ်ပါတယ်။
လိုက်နာဖို့ ပျက်ကွက်သူဘယ်သူကိုမဆို သဘာဝဘေးအန္တရာယ်တိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူခံရမယ်လို့ လည်း ကိုးကန့် အုပ်ချုပ်ရေး အာဏာပိုင်တွေက အသိပေးကြေညာထား ပါတယ်။
ချင်းရွှေဟော်မြို့အဝင်မှာ ဌာနဆိုင်ရာတွေ ဒေသကျန်းမာရေးဝန်ထမ်းတွေနဲ့ လုံခြုံရေး အဖွဲ့အစည်းတွေ ပါဝင်တဲ့ စစ်ဆေးရေးဂိတ်တခုကိုလည်း ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ယာဉ်လိုင်းတွေ အနေနဲ့လည်း သတ်မှတ်ချက်အတိုင်း ခရီးသည်တင်ဆောင်ဖို့နဲ့ ထောက်ခံစာ ပါတဲ့ ခရီးသည်ကိုသာ တင်ဆောင်ရမှာဖြစ်ပါတယ်။