ပူတာအိုတွင် ကိုဗစ်-၁၉ လူနာအမှတ် ၇၈၈ နှင့်လေယာဉ်အတူစီးလာသူ ၈ ဦးရှိ
DVB
·
September 3, 2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ကိုဗစ်-၁၉ လူနာအမှတ် ၇၈၈ နဲ့အတူ ဩဂုတ် ၂၀ ရက်နေ့မှာ ရန်ကုန်ကနေ ပူတာအိုကို လေယာဉ်အတူစီးလာတဲ့သူ ၈ ဦး ရှိတယ်လို့ ပူတာအိုခရိုင်ဆေးရုံအုပ် ဦးသန့်ဇင်ထွန်းက ပြောပါတယ်။
ပိုးတွေ့လူနာနဲ့ လေယာဉ်အတူ စီးနင်းလိုက်ပါလာသူ ၈ ဦးထဲက ၄ ဦးကိုတော့ စက်တင်ဘာ ၂ ရက်နေ့က Quarantine Centre ပို့ဆောင်နိုင်ခဲ့ပါတယ်။
ကျန် ၂ ဦးကတော့ ဩဂုတ် ၂၈ ရက်နေ့မှာ ရန်ကုန်သို့ ပြန်သွားပါတယ်။ နောက်ထပ် ၂ ဦးကတော့ အလုပ်ကိစ္စကြောင့် ခေါင်လန်ဖူးမြို့နယ်ကို ရောက်ရှိနေလို့ အဲ့ဒီက ဆရာဝန်တွေနဲ့ ချိတ်ဆက်ပြီး Quarantine Centre ကို ပို့နိုင်အောင် စီစဉ်ထားတယ်လို့ ပူတာအို ကိုဗစ်ထိန်းချုပ်ရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ပိုးတွေ့လူနာနဲ့အတူ လေယာဉ်စီးလာသူတွေဟာ ပူတာအိုမြို့ကို ရောက်ရှိလာတာ သတင်း ၂ ပတ်ကျော်ကြာရှိနေပြီ ဖြစ်ပါတယ်။
သတင်း- ဖေနောင်းအောင် ( ပူတာအို)