Home
မြန်မာသတင်း
ခိုးဆိုးလုနှိုက်အချုပ်သားများနှင့် အတူမထားရန် ဦးဌေးအောင် ရုံးတော်ကိုလျှောက်ထား
ချမ်းမြေ့မောင်
·
September 1, 2020
118604122_2796998320535976_4141197924497721190_o
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ တရားစွဲဆိုထားတဲ့ Orchid ဟော်တယ်ပိုင်ရှင် ဦးဌေးအောင်အမှုကို အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး မှုခင်းစီမံခန့်ခွဲမှု အပြီးသတ်လုပ်ဆောင်ခဲ့ပါတယ်။  ဒီအမှုကို ၆ လအတွင်း (ရက်ပေါင်း ၁၈၀) နဲ့အပြီးသတ်စစ်ဆေးသွားမယ်လို့ အမှုစစ်တရားသူကြီးက ပြောပါတယ်။ ရုံးထုတ်စစ်ဆေးစဉ် တရားခွင်မှာ ဦးဌေးအောင်က အခုအမှုကို အာမခံလျှောက်ထားမှာ မဟုတ်ဘူးလို့ပြောပါတယ်။ ဒါ့အပြင် လတ်တလော ရှေ့နေငှားရမ်းတာမျိုးလည်း မရှိသေးပါဘူး။  လက်ရှိ အင်းစိန်ထောင်ကနေ အချုပ်နဲ့ တရားရင်ဆိုင်နေရတာဖြစ်တဲ့အတွက် သူ့ကို ခိုးဆိုးလုနှိုက်အချုပ်သားတွေနဲ့အတူမထားဖို့ ရုံးတော်ကိုလျှောက်ထားရာမှာ တရားသူကြီးက အဲဒီကိစ္စဟာ ထောင်အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲတဲ့အလုပ်သာဖြစ်တယ်လို့ ပြန်လည်ပြောကြားခဲ့ ပါတယ်။ နောက် တပတ်ရုံးချိန်းကို အခုလ ၁၁ ရက်နေ့ပြန်လည်ချိန်းဆိုထားပြီး အဲဒီနေ့မှာ အပြီးသတ် အကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်ကာ တရားလိုဘက်ကို စတင်စစ်ဆေးသွားမှာပါ။ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က နိုင်ငံရေးပါတီတွေကို ဖိတ်ကြားပြီး Orchid ဟိုတယ်မှာ ရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ကိစ္စရယ် ၂၀ ရက်နေ့မှာ လူမှုကွန်ရက်ကနေ NLD ပါတီကို အမေရိကန်က ထောက်ပံ့ထားတယ်ဆိုပြီးတင်ခဲ့တာတွေကို အခြေခံကာ ဦးဌေးအောင်ကို ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ စွဲဆိုခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024