Home
မြန်မာသတင်း
အမ်းမြို့နယ်၌ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ စစ်သည် ၁ ဦးကို အရေးယူမည်
DVB
·
August 31, 2020
117242139_1134382440251095_8916873578807637827_n
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အရပ်သားလူငယ် တစ်ဦးနဲ့ အချင်းများပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ စစ်သည်တစ်ဦးကို  စစ်စည်းကမ်းအရ အရေးယူသွားမယ်လို့ တပ်မတော်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ အမ်းတပ်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေဟာ ဩဂုတ် ၂၈ ရက်က တားမြစ်နယ်မြေ ဟင်းရွက်ဆည်ဝင်ပေါက်လမ်းအနီးမှာ အရပ်သားတစ်ဦးကို တွေ့ရှိ မေးမြန်းခဲ့ရာ အမ်းမြို့နယ်၊ ပျဉ်းတောကျေးရွာနေ မောင်ညီညီစိုး ဖြစ်ကြောင်း သိရှိရပြီး တားမြစ်နယ်မြေဖြစ်လို့ လာရောက်ခြင်းမပြုဖို့ ပြောဆိုရာက မောင်ညီညီစိုးရဲ့ အမူအရာအရ နားလည်မှုလွဲကာ အပြန်အလှန် စကားများပြီး ခိုက်ရန်ဖြစ်ပွားခဲ့လို့ မောင်ညီညီစိုး ရဲ့ဝဲဘက်ပါး ပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကို တပ်ရင်းမှတာဝန်ရှိသူတွေက သိရှိခဲ့ပြီးနောက် မောင်ညီညီစိုးနဲ့ မိဘတွေ၊ ရပ်မိရပ်ဖတွေကို တွေ့ဆုံ တောင်းပန်စကားပြောကြားပြီး ဆေးဝါးကုသနိုင်ဖို့ ပထမအကြိမ် ငွေကျပ် ၃ဝ၀၀၀နဲ့ ဒုတိယအကြိမ်  ငွေကျပ် ၃၀၀၀၀၀ အားလည်းကောင်း ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ စစ်သည်အားလုံးကို စစ်စည်းကမ်းအရ အရေးယူသွားမှာဖြစ်ပြီး  တားမြစ်နယ်မြေဖြစ်လို့ နောင်ဝင်ရောက်မှုမရှိစေရေး ပြောဆိုကာ နှစ်ဦးနှစ်ဖက် နားလည်မှုရရှိကျေအေးခဲ့ပြီးဖြစ်တယ်လို့ တပ်မတော် သတင်းမှာဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024