ကြားဖြတ်သန်းခေါင်စာရင်း တွေ့ရှိချက် ရှေ့ပြေးအစီရင်ခံစာ သြဂုတ် ၃၁ ရက် ထုတ်ပြန်မည်
DVB
·
August 30, 2020
၂၀၁၉ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ နိုင်ငံတဝန်း ကောက်ခံထားတဲ့ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းရဲ့ တွေ့ရှိချက် ရှေ့ပြေးအစီရင်ခံစာကို သြဂုတ် ၃၁ ရက်နေ့ ထုတ်ပြန်သွားမယ်လို့ ပြည်သူ့အင်အားဦးစီးဌာနက သိရပါတယ်။
လက်ရှိမှာ ကောက်ယူခဲ့ပြီးတဲ့ စာရင်းအချက်အလက်ပြုစုတဲ့ လုပ်ငန်းတွေပြီးဆုံးတာမို့ ရှေ့ပြေးအစီရင်ခံစာကို ကနဦးထုတ်ပြန်ဖို့ စီစဉ်နေတာပါ။
ကြားဖြတ်သန်းခေါင်စာရင်းမှာ ၂၀၁၄ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူတုန်းကထက် မေးခွန်းအရေအတွက် သုံးဆခန့် ပိုများထားပါတယ်။
ဒါ့ကြောင့် အခုထုတ်ပြန်မယ့် ရှေ့ပြေးအစီရင်ခံစာမှာ အချက်အလက်တွေက ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းထက် ပိုများမှာဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်မှုအပေါ် အထောက်အကူပြုတဲ့ အချက်အလက်တွေလည်း ပါဝင်လာမယ်လို့ သိရပါတယ်။
ဇာခြည်