Homeမြန်မာသတင်း
ကိုဗစ်ဒုတိယလှိုင်းကြောင့် ကျောက်စိမ်းစျေးမကျနိုင်ဟု ကျောက်မျက်အသင်းချုပ် ဒုဥက္ကဋ္ဌပြော
ကိုဗစ်ဒုတိယလှိုင်းကြောင့် ကျောက်စိမ်းစျေးမကျနိုင်ဟု ကျောက်မျက်အသင်းချုပ် ဒုဥက္ကဋ္ဌပြော
DVB
·
August 28, 2020
ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ကျောက်စိမ်းစျေး မကျဆင်းနိုင်ဘူးလို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌဦးကျော်သူရက ပြောပါတယ်။
မြန်မာပြည်က ထွက်ရှိတဲ့ ကျောက်စိမ်းအများစုကို တရုတ်နိုင်ငံက ကုန်ကြမ်းအနေနဲ့ အဓိက ဝယ်ယူနေတာဖြစ်ပြီး ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့အချိန်ကာလက ကျောက်စိမ်းစျေးကွက်အပေါ် ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။
[caption id="attachment_407144" align="alignleft" width="282"] မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌဦးကျော်သူရ[/caption]
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းအဖြစ် ဖြစ်လာနေပေမဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်ကပ်ရာဂါဟာ ကင်းစင်သလောက်ရှိလာပြီး ကျောက်စိမ်းအပါအဝင် စီးပွားရေး လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေတာကြောင့် ကျောက်စိမ်းစျေးကွက်ကို မထိခိုက်နိုင်ဘူးလို့ ဆိုပါတယ်။
ပြည်တွင်းမှာ ကျောက်မျက်ပြပွဲတွေ ပြသရောင်းချနိုင်ခြင်းမရှိတာကြောင့် ကုန်းကြမ်း ပြတ်လတ်မှုရှိနေပြီး တရုတ်ပြည်က ကုန်သည်အချို့လည်း ပြန်မာပြည်ကို ရောက်လာတာတွေ ရှိတယ်လို့ ဦးကျော်သူရက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အခုနှစ် အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ပထမလှိုင်းကြောင့် ကျောက်စိမ်းစျေး အရောင်းအဝယ်တွေ သိသိသာသာ ကျဆင်းခဲ့ပြီး ကျောက်စိမ်းကုန်သည်အများစု လုပ်ငန်းတွေ ရပ်နားခဲ့ရပါတယ်။
ကျောက်ကုန်သည် အများစုဟာ ဒုတိယလှိုင်းကြောင့် ပထမတကြိမ်တုန်းကလို ကျောက်စိမ်း စျေးကွက် ကျဆင်းလာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာတော့ ကျောက်စိမ်းရောင်းဝယ်ဖောက်ကားမှုတွေဟာ အရင်အခြေအနေ မရောက်သေးပေမဲ့ လုပ်ငန်းအများစု လုပ်ကိုင်နေပြီး ကျောက်စိမ်းပြပွဲတွေကို မကြာခဏ ကျင်းပနေတယ်လို့ ဆိုပါတယ်။
ဇော်မိုးထက် (ဖားကန့်)