ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်(ခေါ်) ကိုဂျိမ်းစ်ကို ထောင်ဒဏ် ၆ လချ
DVB
·
August 26, 2020
၂၀၁၅ ခုနှစ်၊ ကျောင်းသားသပိတ်ကိစ္စနဲ့ တိမ်းရှောင်ခဲ့စဉ်က မှတ်ပုံတင်အတု ကိုင်ဆောင်ခဲ့မှုနဲ့ ပတ်သက်လို့ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်သူ ကိုလင်းထက်နိုင်(ခေါ်) ကိုဂျိမ်းစ်ကို ကျောက်တံတားမြို့နယ်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပါတယ်။
ဒီအမှုဟာ ၂၀၁၆ ခုနှစ်မှာ နိုင်ငံတော်ကထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အကျုံးဝင်တဲ့အမှုဖြစ်လို့ အမှုတရားစွဲတင်ပြီးပါက ရုတ်သိမ်းနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက တရားရုံးသို့ ညှိနှိုင်းအကြောင်းကြားခဲ့ပါတယ်။
ဒါပေမဲ့ လဝကဝန်ကြီးဌာနဘက်က အမှုရုတ်သိမ်းပေးခဲ့ခြင်းမရှိတဲ့အတွက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၆၈ အရ အလုပ်နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာဖြစ်ပါတယ်။
Photo - MPA