Home
မြန်မာသတင်း
တောင်ကြီးမြို့နေ  ကိုဗစ်-၁၉  လူနာအမှတ် ၄၇၇ နှင့်ထိတွေ့ခဲ့သူများကို  စုံစမ်းနေ
DVB
·
August 26, 2020
118151689_1235944636745636_4821849699431868533_n
ပြည်ပခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိတဲ့  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၄၇၇ ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး သူနဲ့ထိစပ်သူတွေကို သက်ဆိုင်ရာက စုံစမ်းနေဆဲဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးဟာ  သြဂုတ်လ ၂ ရက်နေ့ကတည်းက ရန်ကုန်ကိုသွားနေတာ ဖြစ်ပြီး သြဂုတ် ၂၂ ရက်နေ့မှ ရောဂါလက္ခဏာပြလို့ ဆေးရုံတက်စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိသူဖြစ်ပါတယ်။ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုက “သူက ရန်ကုန်ကိုရောက်တာ နှစ်ရက်နေ့ကတည်းက ရောက်တာပေါ့နော် ကူးစက်တာက ရန်ကုန်ကနေကူးစက်တာလို့ ပြောလို့ရတယ်ပေါ့နော်။ သူနဲ့ ထိစပ်တဲ့သူကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်” လို့ ပြောပါတယ်။ ရှမ်းပြည်နယ်မှာ သြဂုတ် ၂၄ ရက်နေ့ကစပြီး မြို့ဝင်စစ်ဆေးရေးဂိတ်တွေ ပြန်လည်ဖွင့်လှစ်ပြီး စစ်ဆေးနေပြီဖြစ်ပါတယ်။ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကတော့ “ကျနော်တို့ သြဂုတ် ၂၁ ရက်ကမြို့နယ်တိုင်းမှာ တပ်လှန့်လိုက်တယ်။ မြို့ဝင်ထွက်ဂိတ်တွေလည်း စဖွင့်နေပြီ ကလောနဲ့ တောင်လေးလုံးမှာစဖွင့်တာပေါ့”လို့ ပြောပါတယ်။ ရှမ်းပြည်နယ်အတွင်း ပင်လောင်း၊ ရွာငံ၊ နောင်ချို၊ ကျောက်မဲနဲ့ ကွတ်ခိုင်မြို့ရှိ မြို့ဝင်ထွက်ဂိတ်တွေကို ထပ်ဖွင့်ဖို့ အစိုးရကညွန်ကြားထားတယ်လို့ဆိုပါတယ်။ မြို့ဝင်ဂိတ်မှာ တာဝန်ထမ်းဆောင်တဲ့ စေတနာ့ဝန်ထမ်းတွေ လိုအပ်တဲ့ ကျန်းမာရေး အထောက်ကူပြုပစ္စည်းတွေလည်း အစိုးရက ထပ်ပြီးထောက်ပံ့ပေးသွားမယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ဒါ့အပြင်မိမိပတ်ဝန်းကျင်မှာ ၁၄ ရက်အတွင်း ရခိုင်ပြည်နယ်မှ ပြန်လာတဲ့သူတွေ တွေ့ရှိတာ ဖြစ်ဖြစ် အနီးစပ်ဆုံးကျန်းမာရေးဌာနကိုအသိပေးအကြောင်းကြားဖို့ ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာနက တိုက်တွန်းထားပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024