ကိုဗစ်ရဲ့ Second wave ကို ဘယ်လို ကိုင်တွယ်ကြမလဲ
DVB
·
August 23, 2020
အခုကာလမှာ ရောဂါကူးစက်နှုန်း နည်းလာသလို သက်သာတဲ့ အရေအတွက်လည်း တိုးလာခဲ့ပါတယ်။ ဒီလိုဆိုတာနဲ့ ခပ်ပေါ့ပေါ့နေမယ် အရင်လိုပဲ အပြင်သွားမယ်ဆိုတာတွေ လုပ်လို့ မဖြစ်သေးပါဘူး။ ပြည်ပရောက်မြန်မာတွေ ပြန်ဝင်လာမှာရှိနေသေးသလို ရောဂါပိုးရှိနေမှန်း လက္ခဏာမပြဘဲ သယ်ဆောင်နေသူ silent carrier တွေလည်း ရှိနေနိုင်ပါသေးတယ်။ ဒီတော့ အကောင်းဆုံးက ရောဂါ ကူးစက်မှုနှုန်း ဆက်လက် ကျဆင်းနေစေဖို့ ကိုဗစ် ရဲ့ Second wave ကို ဘယ်လို အကောင်ဆုံးကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို စဉ်းစားထားကြရုံပါ။
ကိုဗစ် ရောဂါပိုးကို ကာကွယ်ဖို့က တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ တာဝန်ရှိပါတယ်
ကိုဗစ်ကို ကာကွယ်ဖို့က အစိုးရမှာမှ တာဝန်ရှိတာ မဟုတ်သလို ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ပဲလေလို့ မသတ်မှတ်စေချင်ပါဘူး။ တကယ်က ကိုဗစ်ကို ကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အားလုံး အတူတူ ပူးပေါင်းပါဝင်မှ ဒီ ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့ covid_19 အန္တရာယ်ကနေ ကိုယ်တိုင်ကိုရော ကိုယ်ချစ်ရတဲ့သူတွေကိုပါ ကာကွယ်နိုင်မှာပါ။ ကာကွယ်ဆေးရော ကုသဆေးပါ ရေရေရာရာမရှိသေးတဲ့ ကိုဗစ်က ပေါ့ပေါ့ဆဆလုပ်လိုက်မိတာနဲ့ တစ်ကျော့ပြန် ပြန်လည်ခေါင်းထောင်လာဖို့အသင့်စောင့်နေတာပါ။ ဒါကြောင့် ကိုဗစ်ရဲ့ Second wave ကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ အားဖြည့်ပေးမလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား………. ကိုဗစ်ရဲ့ Second wave ကို ဟောင်ကောင် ဘယ်လိုကိုင်တွယ်နေသလဲ………….. မေလ ၇ရက်နေ့ ဒေတာတွေအရ ဒေသတွင်း ရောဂါပိုး ကူးစက်သူ ၂ ပတ် ဆက်တိုက် မတွေ့ရတော့တဲ့ ဟောင်ကောင်မှာ ကိုဗစ်တကျော့ပြန် ခေါင်းမထောင်လာစေဖို့အတွက် ဟောင်ကောင်အစိုးရအနေနဲ့- ဒေသတွင်းကို ပြည်ပကနေ ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေဖြစ်တဲ့ လေဆိပ်တွေကို ပိတ်ထားဆဲဖြစ်ပါတယ်။
- ပြည်ပကနေပြန်လာတဲ့ ပြည်သူတွေကို သေချာ စောင့်ကြည့်စစ်ဆေးမှုတွေလုပ်ဆောင်နေပြီး သီးသန့် ခွဲထားတာတွေကို လုပ်ဆောင်နေပါတယ်။
- နေအိမ်မှာ သီးသန့်နေထိုင်သူတွေကိုလည်း နေအိမ်မှာ စောင့်ကြည့်နေတဲ့ကာလအတွင်း အိမ်အပြင်ထွက်တာမျိုးတွေ မဖြစ်စေဖို့ နဲ့ သူတို့ရဲ့ တည်နေရာကို သိရှိနိုင်စေဖို့ electronic bracelets တွေတပ်ဆင်ထားစေပါတယ်။
- အရက်ဘားတွေကို ပိတ်ထားဖို့ စည်းကမ်းတင်းကြပ်မှုတွေ လုပ်ဆောင်နေသလို အရက်ရောင်းချမှုကိုလည်း တားမြစ်ဖို့အတွက်စည်းကမ်းချမှတ်မှုဗတွကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
- Gym တွေ အပါအဝင် အားကစားခန်းမတွေကို ပိတ်ထားခိုင်းဆဲပါ။
- စားသောက်ဆိုင်တွေ ကော်ဖီဆိုင်တွေကို ပိတ်ခိုင်းထားဆဲပါ။
- စားသောက်ဆိုင်တွေကို ဖွင့်လှစ်ခွင့်ပြုထားပေမယ့် ဆိုင်မှာထိုင်စားခွင့်မပြုဘဲ ပါဆယ်စနစ်နဲ့သာ ဝယ်ယူခွင့်ပြုပါတယ်။
- လူတွေကို တစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၃ ပေ ခွာနေခိုင်းဆဲပါ။ အစိုးရနဲ့ ပြည်သူတွေဟာ သူတို့ရဲ့ ပုံမှန် နေ့စဉ်ဘဝကို သတိကြီးကြီးထားလို့ စတင်နေပါတယ်။