သရက်မြို့တွင် ကိုဗစ်-၁၉ ရောဂါမပြန့်ပွားရေး ပညာပေးဆောင်ရွက်
DVB
·
August 22, 2020
မကွေးတိုင်း၊ သရက်မြို့ မြို့မစည်ပင်သာယာဈေးကြီးနားမှာ ဩဂုတ် ၂၂ ရက်နေ့ မနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါမပြန့်ပွားရေးအတွက် မြို့နယ်ထွေအုပ်ဦးစီးအဖွဲ့က လမ်းသွားလမ်းလာတွေကို Mask တပ်ဆင်သွားလာဖို့ သတိပေးကာ ပညာပေး ဆောင်ရွက်နေပါတယ်။
Mask မတပ်ဆင်ထားသူတွေကို အပြစ်ပေးတဲ့အနေနဲ့ Mask တck ၁၀၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့ပါတယ်။
သရက်မြို့နယ်၊ ကွမ်းအုံကျေးရွာက လူနာအမှတ် ၂၄၂ ကတော့ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ သိရပါတယ်။
မြို့အဝင်အထွက်၊ အများပြည်သူ သွားလာနေတဲ့ စားသောက်ဆိုင်တွေ၊ ဈေးတွေမှာလည်း ကျန်းမာရေးဌာန လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ထားရှိမှုတွေကို စစ်ဆေး ပညာပေးနေပါတယ်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်ကိုယ်တိုင် ယာယီဈေးအတွင်း ဈေးသည်တွေ Mask တပ်ဆင်ပြီး ဈေးရောင်းချဖို့ လိုက်လံပြောကြားနေတာပါ။
အခုအခါ စစ်တွေမြို့မှာ ပိုးတွေ့လူနာတွေ နေ့စဉ်တွေ့ရှိမှု များပြားလာလို့ ပြည်သူတွေ နေထိုင်မှု မပေါ့လျော့ကြဖို့ ဆောင်ရွက်နေတယ်လို့ ပညာပေးအဖွဲ့က သိရပါတယ်။
သတင်း - ဘဦး