တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးတွင် ကိုဗစ်-၁၉ ရောဂါမတွေ့
DVB
·
August 18, 2020
လွှတ်တော်အစည်းအဝေးတက်မယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးနဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေကို ဩဂုတ် ၂၀ ရက်မှာ ပြန်လည် ကျင်းပဖို့ရှိတဲ့အတွက် လွှတ်တော်အမတ်တွေကို ကျန်းမာရေးစစ်ဆေးနေတာပါ။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးကို မနေ့က နေပြည်တော်ရှိ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးဖို့ ဓာတ်ခွဲနမူနာတွေရယူပြီး နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ Cobas 6800 ရောဂါရှာဖွေစက်နဲ့ စစ်ဆေးခဲ့ရာမှာ ရောဂါပိုး မတွေ့ရတာလို့ တပ်မတော်သတင်းမှာဖော်ပြပါတယ်။
ဓာတ်ပုံ-DSINFO