Homeမြန်မာသတင်း
တနိုင်ငံလုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်အများဆုံးစာရင်းတွင် ဧရာဝတီတိုင်းက ၅ ဦး ပါဝင်
တနိုင်ငံလုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်အများဆုံးစာရင်းတွင် ဧရာဝတီတိုင်းက ၅ ဦး ပါဝင်
DVB
·
August 9, 2020
တနိုင်ငံလုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်အများဆုံးရရှိသူများစာရင်းမှာ ဧရာဝတီတိုင်းက ၅ ဦးပါဝင်လာခဲ့ပြီး ကြံခင်းမြို့နယ်က ၃ ဦး၊ မြောင်းမြမြို့နယ်နဲ့ အင်္ဂပူမြို့နယ်တို့က ၁ ဦးစီဖြစ်ပါတယ်။
တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိတဲ့ စာရင်းမှာ ဝိဇ္ဇာဘာသာတွဲ အဆင့် ၁ ရရှိတဲ့ ကြံခင်းမြို့နယ်က မောင်ဝေယံလင်းကျော်နဲ့ အဆင့် ၂ ရရှိတဲ့ မစုပိုပိုအောင်တို့ဟာ အထက ရေနံတောင်ကျောင်းက ဖြစ်ပါတယ်။ ကြံခင်းမြို့နယ်က နောက်တဦးကတော့ ဝိပ္ပံဘာသာတွဲမှာ အဆင့် ၈ ရရှိခဲ့တဲ့ မောင်မင်းခန့်စည်သူဖြစ်ပြီး အပြင်ဖြေအဖြစ်ဝင်ရောက်ဖြေဆိုခဲ့သူလည်း ဖြစ်ပါတယ်။
တစ်နိုင်ငံတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိတဲ့ စာရင်းထဲ ပါဝင်လာတဲ့ ကျန် ၂ ဦးကတော့ ဝိပ္ပံဘာသာမှာ အဆင့် ၂ ရရှိခဲ့တဲ့ မြောင်းမြမြို့နယ် မဟာကိုယ်ပိုင်ကျောင်းက မောင်ငြိမ်းမင်းသန့်နဲ့ အဆင့် ၄ ရရှိခဲ့တဲ့ အင်္ဂပူမြို့နယ် အထကထူးကြီးက မောင်အောင်ပြည့်စုံတို့ဖြစ်ပါတယ်။
မင်းထက်မုန်း (ပုသိမ်)