Homeမြန်မာသတင်း
ဘဲဥဈေးကျပြီး ကုန်ကြမ်းဈေးကြီးမြင့်မှုကြောင့် ရေးမြို့နယ် ဘဲမွေးမြူရေးလုပ်ငန်းရှင်များ အခက်ကြုံ
ဘဲဥဈေးကျပြီး ကုန်ကြမ်းဈေးကြီးမြင့်မှုကြောင့် ရေးမြို့နယ် ဘဲမွေးမြူရေးလုပ်ငန်းရှင်များ အခက်ကြုံ
DVB
·
August 8, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ဘဲဥဈေးနှုန်းကျဆင်းမှုနဲ့ ကုန်ကြမ်းဈေးကြီးမြင့်မှုတွေကြောင့် ဆက်လက်ရည်တည်နိုင်ဖို့ အခက်အခဲနေတယ်လို့ ဘဲမွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပုံမှန်ဈေးနှုန်းအနေနဲ့ ပျှမ်းမျှပေါက်ဈေးတစ်လုံး ၁၃၀ မှ ၁၇၀ ထိ ရရှိတတ်ပေမယ့် လက်ရှိအနေနဲ့ ၉၀ ဝန်းကျင်သာရရှိနေပြီး ဘဲစာအတွက် ကုန်ကြမ်းဈေးနှုန်းက ကြီးမြင့်မှုတွေ ကြုံတွေ့နေရတာပါ။
ရွာသစ်ဓမင်းဆိပ်ကျေးရွာနေ မွေးမြူရေးလုပ်ငန်းရှင်တဦးဖြစ်သူ ဦးမင်းဇော်က ''ဘဲဥဈေးနှုန်းကကျ၊ အစာဈေးတွေ ကတက်နေတယ်၊ ခုက ဘဲအတောင်ချွတ်ချိန်နဲ့လည်း တိုက်ဆိုင်နေတာ အထွက်နှုန်းပါ ပုံမှန်ထက်ထက်ဝက်လောက်ကျသွားတယ်။ ရပ်တည်ရခက်ခဲမှုတွေ ရှိလာနေကြပြီ'' လို့ ဒီဗွီဘီကို ပြောပါတယ်။
ရေးမြို့နယ်အနေနဲ့ မွန်ပြည်နယ်အတွင်း ဘဲဥအထွက်များဆုံး မြို့နယ်တခုဖြစ်ပြီး တစ်ရက်ကို အလုံးရေ ၁ သိန်းကျော်ထွက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ လု်ပငန်းရှင်တွေအနေနဲ့ အဖွဲ့အစည်းအသီးသီးက ချေးငွေရရှိဖို့ ကြိုးစားဆောင်ရွက်နေကြတယ်လို့ ဘဲမွေးမြူရေးလုပ်ကိုင်သူ ကိုနိုင်ထွန်းက ပြောပါတယ်။
“ချေးငွေရရှိဖို့တော့ လုပ်ငန်းရှင်တဦးက ကြိုးစားနေတာလို့သိရပါတယ်။ ကိုဗစ်စကတည်းက ထိခိုက်မှုက ခုထိမကုန်သေးဘူး၊ အကြွေးတွေလည်း တင်နေပြီ၊ မွေးမြူရေးဆိုတာကလည်း အစာက နေ့စဉ်ကျွေးနေရတာ့ တနေ့ထက်တနေ့ ခက်ခဲလာတယ်။”
ရေးမြို့နယ်အတွင်း ဘဲမွေးမြူရေးလုပ်ငန်းကို အံဒင်ဒေသအပါအဝင် ဓမင်းဆိပ်နဲ့ ကဗျာဝကျေးရွာတို့မှာ အဓိကထားလုပ်ကိုင်ကြပြီး ချေးငွေရရှိဖို့ အစီအစဉ်ရှိပေမယ့် ချေးငွေရရှိမယ့်ရက်ကိုတော့ မသိရသေးကြောင်း ရေးမြို့နယ်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက သိရပါတယ်။
ဝင်းနိုင်သက်