အမ်းမြို့နယ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး အမျိုးသမီး ၁ ဦး ၁ သေဆုံး
ဝဏ္ဏခွာညို
·
August 4, 2020
ဒီဗွီဘီရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအနီးမှာ မြေမြှုပ်မိုင်းတလုံး ပေါက်ကွဲလို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သြဂုတ် ၃ ရက် မနက် ၇ နာရီဝန်းကျင်မှာ ကဇုကိုင်းကျေးရွာသူ အမျိုးသမီး တစ်ဦး မှာ ဒလက်ချောင်းကျေးရွာကိုသွားနေစဉ်လမ်းမှာရှိတဲ့ တပ်မတော်လုံခြုံရေးဂိတ် တစ်ခုအနီးမှာ မြေမြှုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့လို့ ထိမှန်သေဆုံးသွားတာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့အမျိုးသမီးမှာ ကဇုကိုင်းကျေးရွာနေ အသက် ၁၇ နှစ်အရွယ် ချင်းတိုင်းရင်းသူ ချင်းလူမျိုး အသက် ၁၇ အရွယ် မဝါစုံ ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူ ကို မျိုးလွင်က ပြောပါတယ်။
“ကဇုကိုင်းကျေးရွာ ဒလက်ချောင်းရွာကို သွားတဲ့လမ်းမှာ တပ်မတော်လုံခြုံရေးဂိတ် တစ်ခုအနီးမှာ မိုင်းပေါက်ကွဲလို့ ချင်းအမျိုးသမီးတစ်ဦး သေဆုံးသွားတာပါ။ သူ့မှာခြေနှစ်ဖက်လုံး ပြတ်ထွက်သွားပါတယ်။ တပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် သေသေဆုံးသွားတာပါ”
သေဆုံးသွားသူရဲ့ရုပ်အလောင်းကို အမ်းမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွေ့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ဇူလိုင် ၁၇ ရက်မှ သြဂုတ် ၃ ၇က်အထိ မြေမြှုပ်မိုင်း ၃ နေရာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒေသခံ၂ ဦး သေဆုံးသွား ပါတယ်။