Homeမြန်မာသတင်း
စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံတက်ရန် အပစ်ရပ်လက်မှတ်မထိုးသေးသည့်အဖွဲ့များကို ဖိတ်ကြားမည်
စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံတက်ရန် အပစ်ရပ်လက်မှတ်မထိုးသေးသည့်အဖွဲ့များကို ဖိတ်ကြားမည်
ဇေယျာချမ်းအေး
·
July 29, 2020
စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို တက်ရောက်ဖို့ အန်စီအေအပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ကြားသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ဇူလိုင် ၂၉ ရက်နေ့က ရန်ကုန်မြို့ NRPC မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
အေအေအပါအဝင်မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကိုတော့ ဖိတ်ကြားဖို့ရှိ မရှိဆိုတာကိုတော့ ဦးဇော်ဌေးကအတိအကျ ပြောဆိုခြင်းမရှိဘဲ “ ကျနော်တို့ ဖိတ်တဲ့အခါ သိရပါလိမ့်မယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။
အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကတော့အးလုံးညီလာခံမှာပါဝင်အောင်ဖိတ်ကြားဖို့ တိုက်တွန်းထားတယ်လို့ အပစ်ရပ်အဖွဲ့တွေရဲ့ ကိုယ်စားလှယ် နိုင်အောင်မငေးက ပြောပါတယ်။
လာမယ့်ဩဂုတ် ၁၂ရက်နေ့ နေပြည်တော်မှာစတင်ကျင်းပမယ့် စတုတ္ထအကြိမ်၂၁-ပင်လုံညီလာခံကို ကိုဗစ်-၁၉ ရောဂါကြောင့် တက်ရောက်မယ့်သူ သုံးပုံတစ်ပုံကို လျှော့ချထားပြီး နိုင်ငံတကာသံတမန်တွေအနေနဲ့လည်း ပြည်တွင်းမှာရှိနေသူတွေသာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
ညီလာခံမှာ နိုင်ငံတော်လုံခြုံရေး၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံရေးဆွဲရေး စတဲ့အချက်တွေအပါအဝင် ပြည်ထောင်စုသဘောတူစာချုပ်အပိုင်းသုံးပါ အချက်အလက်တွေကို ဆွေးနွေးပြီး သဘောတူလက်မှတ်ရေးထိုးသွားဖို့ ရှိနေပါတယ်။