Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ၂ မိနစ်စာ ဗီဒီယိုပြိုင်ပွဲဖိတ်ခေါ်
DVB
·
July 27, 2020
108171104_4693943567286146_2676527594613181741_o
109581863_4685763784770791_5783832196174223418_o
       အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် ၂ မိနစ်စာ ဗီဒီယိုပြိုင်ပွဲမှာပါ ဝင်ယှဉ်ပြိုင်ကြဖို့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)က ဖိတ်ခေါ်ထားပါတယ်။ အခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဆောင်ပုဒ်-“လူငယ်ထု၏ ပေါင်း စည်းအား ကမ္ဘာ့ဘေးများတိုက်ဖျက်သွား”နဲ့အညီ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရပ် ရွာနဲ့ လူထုအကျိုးပြုလုပ်ဆောင်ချက်တွေ၊ လူငယ့်စွမ်းအားနဲ့ လူငယ့်အသံတွေကို အများ သိအောင် တီထွင်ဆန်းသစ်တဲ့ တင်ဆက်မှုတွေနဲ့ ရိုက်ကူးယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် လူငယ်တွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား ရှိရမှာဖြစ်ပြီး ပြိုင်ပွဲဝင်သူတွေထဲက တီထွင်ဆန်းသစ်မှု၊ ဆွဲဆောင်နိုင်မှုတွေအပေါ် အခြေခံပြီး ပထမ၊ ဒုတိယ၊ တတိယဆုတွေ လက်ဆောင်ပေးမယ့်အပြင် ဆုရတဲ့သူတွေရဲ့ ဗီဒီယိုကိုလည်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားမှာ ပြသသွားမှာ ဖြစ်ပါတယ်။        ဆုကြေးတွေအနေနဲ့ကတော့ ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၄ သိန်း၊ တတိယဆု ကျပ် ၃ သိန်းစီ ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။        ဖုန်း၊ ဒါမှမဟုတ် ကင်မရာနဲ့ ရိုက်ကူးထားတဲ့ အဆိုပါ ဗီဒီယိုကိုတော့ ပြိုင်ပွဲဝင်တွေ ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ Public နဲ့ ဩဂုတ်လ ၄ရက်နေ့ နောက်ဆုံးထားပြီး တင်ရမှာဖြစ်ကာ ဗီဒီယိုရဲ့ caption မှာ UNFPA Myanmar @unfpammr ကို mention ကာ  #IYD2020MM #MMYouthAction hashtags နှစ်ခုနဲ့အ တူ သူငယ်ချင်း ၅ယောက်ကို tag တွဲရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။        အသေးစိတ်အချက်အလက်တွေကိုတော့ https://www.facebook.com/unfpammr/photos/a.786771914670017/4685763781437458/?type=3&theater မှာ ဖတ်ရှုနိုင်မှာဖြစ်ပြီး အောက်ဖော်ပြပါ https://docs.google.com/forms/d/e/1FAIpQLSeum_LX82ElxSHqgeTlNE-zrsgXEje9HINJX7ROl7Z7lsSXrA/viewform မှာ စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024