၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပုသိမ်ဆေးရုံ ၉ ထပ်အဆောင် အပြီးဆောက်မည်
DVB
·
July 6, 2020
ဧရာဝတီတိုင်း၊ ပုသိမ် ကုတင် ၅၀၀ ဆေးရုံမှာ ဆောက်လုပ်နေတဲ့ ပုသိမ်ဆေးရုံ ၉ ထပ်အဆောင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အပြီးတည်ဆောက်သွားမယ်လို့ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်း ဝန်ကြီး ဦးဝင်းဌေးက DVBကို ပြောပါတယ်။
ပုသိမ်ဆေးရုံ ၉ ထပ်အဆောင်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ဘက်ဂျက် ၂ ဘီလီယံနဲ့ လုပ်နေတာလို့ ဝန်ကြီးက ပြောပါတယ်။
“ကျနော်တို့ဖြည့်စွက်ဘတ်ဂျက်နဲ့လုပ်မယ့် လုပ်ငန်းတွေမှာဆိုရင် အဆောက်အဦ ပတ်ပတ်လည် ငြမ်းဆင်တာ၊ အကာကွယ်လုပ်မယ် ပိုက်ကွန်းတွေပါမယ်၊ အတွင်းထဲမှာ ၃ ပေအမြင့် နံရံ အုတ်စီတာ၊ ရေမီးလုပ်ငန်းတွေ ပါမယ်။”
ပုသိမ်ဆေးရုံ ၉ ထပ်အဆောင်အား ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူလုပ်ဆောင်နေတာပါ။