Homeမြန်မာသတင်း
ထိုင်းနှင့်မလေးရှားပြန် ကိုဗစ်-၁၉ လူနာ ၄ ဦးကို မော်လမြိုင်ဆေးရုံတွင် စောင့်ကြည့်ကုသမည်
ထိုင်းနှင့်မလေးရှားပြန် ကိုဗစ်-၁၉ လူနာ ၄ ဦးကို မော်လမြိုင်ဆေးရုံတွင် စောင့်ကြည့်ကုသမည်
DVB
·
June 20, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ထားစဉ် ရောဂါပိုးတွေ့ရှိခဲ့တဲ့ မွန်ပြည်နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ယောက်ကို မော်လမြိုင်ဆေးရုံမှာ ကြပ်မတ်ကုသပေးသွားမယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က DVB ကို ပြောပါတယ်။
ဒီ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ယောက်ကို ဇွန်လ ၁၉ ရက်နေ့မှာ သူတို့ကို အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတဲ့ ဘားအံမြို့နယ် တောင်ကလေး Quarantine Camp ကနေ သွားရောက် ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလူနာ ၄ ယောက်ကိုတော့ မော်လမြိုင် ပြည်သူ့ဆေးရုံက Isolation Ward မှာ စောင့်ကြည့်ကုသပေးသွားမှာဖြစ်ပြီး သူတို့အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း အပြည့်အဝ ချထားပေးထားတယ်လို့ ဒေါက်တာကျော်မြင့်က ဆိုပါတယ်။
ဒီ ကိုဗစ်-၁၉ ရောဂါ လူနာ ၄ ယောက်မှာ ၂ ယောက်ကတော့ ထိုင်းနိုင်ငံနဲ့ ကျန် ၂ ယောက်က မလေးရှာနိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူတွေ ဖြစ်ပြီး ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း ကျန်းမှာရေးဝန်ကြီးဌာနက ဇွန် ၁၉ မှာ ထုတ်ပြန်ခဲ့တာပါ။
ဒီလူနာ ၄ ယောက်ဟာ သံဖြူဇရပ်၊ ချောင်းဆုံ၊ ရေးမြို့နယ်နဲ့ သထုံမြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။
ဇော်လွင်ထွဋ်