Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၁ ဦး ဓားထိုးအသတ်ခံရ 
DVB
·
June 3, 2020
c1_1928756_200603130630
ထိုင်းနိုင်ငံ၊ မောင်ခရိုင်ထဲက အလုပ်သမားစခန်းတခုထဲမှာ ဒီကနေ့ မနက်အစောပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတယောက် ဓားနဲ့ထိုးပြီး အသတ်ခံခဲ့ရပါတယ်။  ဒီအဖြစ်အပျက်ဟာ စီနို-ထိုင်းဆောက်လုပ်ရေးစီမံကိန်းအလုပ်သမားဆောင်မှာ မနက်အ စောပိုင်း ၂ နာရီလောက်က ဖြစ်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သတင်းပေးချက်အရ အခင်းဖြစ်တဲ့ နေရာဆီ ရဲတွေရောက်ရှိလာချိန်မှာတော့ အ လုပ်သမားစခန်း အခန်းအမှတ် D-16 မှာနေထိုင်သူ အလုပ်သမားရဲ့ လည်ပင်းနဲ့ ရင်ပတ်နေရာအနှံ့ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြတာပါ။ သေဆုံးသူ အသက် ၃၂ နှစ်အရွယ် မြန်မာအမျိုးသားဟာ အလုပ်သမားစခန်းအတွင်း လက်သမားတယောက်အနေနဲ့အတူ အလုပ်လုပ်နေတာဖြစ်ပြီး သူရဲ့ နာမည်ကိုတော့ သိန်းထွန်းလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အခင်းဖြစ်တဲ့ အခန်းတွင်းမှာ ရဲတွေက ၆ လက်မ အရှည်ရှိတဲ့ ဓား တစ်လက်ကို သိမ်း ဆည်းရမိခဲ့ပြီး သက်သေအနေနဲ့ ယူဆောင်သွားခဲ့ပါတယ်။ အဆိုပါ အလုပ်သမားစခန်းထဲမှာတော့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက ရာနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်နေကြတာ ဖြစ်တယ်ပါတယ်။ စခန်းတွင်း ထိုင်းဘာသာစကားပြောတတ်တဲ့ အလုပ်သမားတချို့ကို မေးမြန်းစစ်ဆေးကြည့် ချိန်မှာ သူတို့က ဘာဖြစ်ခဲ့တယ်ဆိုတာကို မသိမမြင်ခဲ့ကြကြောင်း ဖြေကြားခဲ့ကြပါတယ်။ လတ်တလောမှာတော့ ရဲတွေက ဖြစ်စဉ်မှန်ပေါ်ပေါက်လာရေးအတွက် စုံစမ်းစစ် ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ ကိုးကား- Bangkokpost 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024