Homeမြန်မာသတင်း
နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးကို ရန်ကုန်စီမံဘဏ္ဍာဝန်ကြီးအဖြစ်ခန့်အပ်ရန် အဆိုပြု
နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးကို ရန်ကုန်စီမံဘဏ္ဍာဝန်ကြီးအဖြစ်ခန့်အပ်ရန် အဆိုပြု
DVB
·
June 2, 2020
လစ်လပ်နေတဲ့ ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီးနေရာအတွက် နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးကို ခန့်အပ်ဖို့ ရန်ကုန်တိုင်းအစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ ဇွန်လ ၂ ရက်နေ့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေး ပထမနေ့မှာ တင်သွင်းလိုက်ပါတယ်။
ဦးရဲမင်းဦးကို ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီးနေရာကို အသစ်ခန့်အပ်ဖို့ လွှတ်တော်ကိုသူ့ရဲ့ ကိုယ်ရေး အချက်အလက် အပြည့်အစုံ တင်ပြပြီး ဇွန်လ ၃ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်ချက်ရယူမှာ ဖြစ်ပါတယ်။
ဦးရဲမင်းဦးဟာ ၂၀၁၃ ခုနှစ်လောက်က စတင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ)ရဲ့ စီးပွားရေးကော်မတီဝင်နှင့် ပြန်ကြားရေး ကော်မတီတို့မှာ ပါဝင်ခဲ့သူဖြစ်သလို လက်ရှိ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ် တာဝန်ပေးခြင်း ခံခဲ့ရသူလည်း ဖြစ်ပါတယ်။