Home
မြန်မာသတင်း
၁၆ ကြိမ်မြောက်အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆု ဃ -၃၁၃၁၀၂ ဆွတ်ခူးရရှိ
DVB
·
June 1, 2020
83786509_1517612968411069_3180047760812408832_n
(၁၆) ကြိမ်မြောက်အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို ဒီကနေ့မနက် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ အောင်ဘာလေသိန်းဆုဌာနခွဲမှာ ပြုလုပ်ခဲ့ရာမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို (ဃ-၃၁၃၁၀၂)က ဆွတ်ခူးရရှိသွားပါတယ်။ ဒါ့အပြင် ကျပ်သိန်းတစ်သောင်းဆုကို (ထ-၃၄၁၂၂၂)၊ ကျပ်သိန်းငါးထောင်ဆုကို (ဝ-၅၇၇၁၁၄)နဲ့  (ကဂ-၃၈၈၉၈၀)တို့က ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် တခြားဆုမဲအသီးသီးကိုလည်း မဲနှိုက်ရွေးချယ်ခဲ့ပါတယ်။ (၁၆)ကြိမ်မြောက်ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှာ (က)အက္ခရာမှ (အ) အက္ခရာအထိနဲ့ (ကက) အက္ခရာကနေ (ကဆ) အက္ခရာအထိအလုံးရေ(၄၀)လုံးဖြစ်ပါတယ်။ ထီစာအုပ်စုစုပေါင်း (၂၆) သိန်းကျော် လက်မှတ်စာအုပ်တွေရောင်းရငွေမှာ ငွေကျပ်သန်းပေါင်း ၂၆၀ သိန်းကျော်ရရှိခဲ့ပြီး ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ်သန်းပေါင်း ၁၅၆၁၆ ဒသမ ၃၂၀ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးခဲ့ပါတယ်။ နေလင်းအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024