လွိုင်လင်မြို့အနီး ကျပ်သိန်းပေါင်း ၄ သိန်းတန်ဖိုးရှိသည့် ICE မူးယစ်ဆေးများ ဖမ်းမိ
DVB
·
May 27, 2020
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နားမှာ ကျပ်သိန်းပေါင်း ၄ သိန်းတန်ဖိုးရှိတဲ့ အိုက်စ် (ICE) မူးယစ်ဆေး ၁,၆၁၅ ကီလို (တန်ဖိုးကျပ် ဘီလီယံ ၄၀) ကို ဖမ်းမိခဲ့တယ်လို့ မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက မနေ့က ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မေ ၂၄ ရက် မနက် ၂ နာရီလောက်မှာ သတင်းအရစောင့်ဆိုင်းနေတုန်း လွိုင်လင်မြို့၊ ဟိုတင့်ရွာနား လွိုင်လင်-တောင်ကြီး ကားလမ်းမှာ ခွန်စံဦး မောင်းနှင်ပြီးဝေလင်းထွန်း လိုက်ပါလာတဲ့ ၁၂ ဘီးကားကို ရပ်တန့်ရှာဖွေရာမှာ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ ပါဝင်ပတ်သက်သူတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲ၊ လေးဖာထောရွာနေ ကိုသူ(ခ)မြင့်သူ၊ ကိုဖြူနဲ့ မိုင်းရှူးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာအုပ်စု၊ ဝမ်ဆော့ရွာနေ ကိုစိုင်းတို့ကိုလည်း မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - CCDAC Myanmar