Home
မြန်မာသတင်း
ငါးဖမ်းရေယာဉ်များ  အမ်ဖန် စူပါဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး အလေးထားရန် သတိပေး
DVB
·
May 18, 2020
98489927_674060763376365_7867329790674468864_n
အမ်ဖန် စူပါဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ ခရီးသည်တင်ရေယာဉ်တွေ၊ ကုန်တင်ရေယာဉ်တွေ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပြည်သူတွေအနေနဲ့ အထူးအလေးထားဖို့ တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ထားပါတယ်။ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက “ကိုးကိုကျွန်း အနောက်တောင်ဘက် ရေမိုင်၄၀၀၊ ပုသိမ်မြို့အနောက်တောင်ဘက် ရေမိုင် ၅၄၀မှာ ဗဟိုပြုနေတာ၊ လက်ရှိအနေအထားအရ ကျနော်တို့ ကမ်းရိုးတန်းထဲဝင်ဖို့ ဦးတည်ချက်မရှိသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ အမ်ဖန်ဆိုင် စူပါ ဆိုလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို ဝင်ရောက်ဖို့မရှိလို့   မိုးလေဝသနှင့် ဇလဗေဒက  အဝါရောင်အဆင့်သတ်မှတ်ထားပြီး မုန်တိုင်းသတင်းကို ပုံမှန် ထုတ်ပြန်ပေးနေပါတယ်။ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်း ဝန်ကြီးဦးဝင်းဌေးက “ကျနော်တို့က ကမ်းနီး ၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ ခရီးသွားရေယာဉ်တွေရှိတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး သတိပေးချက်ထုတ်ထားတယ်၊ သို့သော်လည်း ကျနော်တို့တိုင်းထဲကို ဝင်ဖို့ဦးတည်ချက်ရှိမယ်ဆိုရင် ပိတ်တာတွေဘာတွေ ချက်ခြင်းအမိန့်ထုတ်တာတွေ လုပ်သွားမယ်”လို့  ပြောပါတယ်။ သဘာဝဘေးကြုံရပါက လူတွေနေထိုင်နိုင်ဖို့ ဆိုင်ကလုန်း ခိုလှုံရာနေရာတွေပြင်ဆင်ထားပြီး   လူတွေရွှေ့ပြောင်းရဖို့ သေချာပြီ ဆိုတာနဲ့ ခရိုင်ထွေအုပ်ကတဆင့် မြို့နယ်ရပ်ကျေးတွေအထိ အသံချဲ့စက်တဲ့ ကြေညာပေးဖို့  စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ အမ်ဖန် စူပါဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါမိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ မေလ ၁၈ ရက်နေ့မှာ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024