မော်ဟန်-နမ္မချီမှော် ကားလမ်းတွင် ကျောက်စိမ်းအရိုင်းတုံး ၂၂၉ ကီလိုဂရမ်ခန့် ဖမ်းမိ
DVB
·
May 17, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာရှိ နမ္မချီမှော်သွားကမ်းလမ်းမှာ မေ ၁၆ ရက်၊ ညနေ ၃ နာရီခွဲအချိန်က ကျောက်စိမ်းအရိုင်းတုံး အလေးချိန် ၂၂၉ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းမြို့မရဲစခန်းက သိရပါတယ်။
သတင်းအရ မော်ဟန်-နမ္မချီမှော်သွား ကားလမ်း ငါးကန်ဟောင်းအနီးမှာ ကျော်သက်ဦး မောင်းနှင်ပြီး ကြည်ယု၊ ဝေဦးနဲ့ သက်အောင်ဝင်းတို့ လိုက်ပါလာတဲ့ လိုင်စင်မဲ့ကားတစီးကို ရှာဖွေခဲ့ရာမှ အလေးချိန် ၂၂၉ ကီုဂရမ်ခန့်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးတွေကို ဖမ်းဆီးရခဲ့မိတာပါ။
ကျောက်စိမ်းအရိုင်းတုံးတွေ သယ်ဆောင်လာကြတဲ့ ကျော်သက်ဦး အပါအဝင် ၄ ဦးကို ကျောက်မျက်ပုဒ်မ ၅၁(က) အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ခင်သန်းညွန့်