Home
မြန်မာသတင်း
ကိုဗစ်ကာလ ဘုရင့်နောင်ပွဲရုံက ကုန်တင် ကုန်ချ အလုပ်သမားများ အလုပ်အကိုင်ရှားပါးလာ
DVB
·
May 13, 2020
IMG_0307
IMG_0292
IMG_0258
IMG_0244
IMG_0219
IMG_0153
IMG_0108
IMG_0101
IMG_0048
IMG_0047
IMG_0040
IMG_0029
IMG_0007
IMG_0389
ကိုဗစ်ကပ်ဘေးကာလမှာ ရန်ကုန်ကို ကုန်အဝင်အထွက်နည်းပါးလာလို့ ဘုရင့်နောင်ပွဲရုံနဲ့ ကုန်တင်ယာဉ်ရပ်နားစခန်းမှာ နေ့စဉ် ကုန်တင်ကုန်ချလုပ်နေကြတဲ့ အလုပ်သမားတွေဟာ အလုပ်အကိုင် ရှားပါးမှုနဲ့ ကြုံတွေ့ရင်ဆိုင်နေရပါတယ်။ နောက်လအကုန်အထိ ခုလိုအခြေအနေ ဆက်ဖြစ်နေမယ်ဆိုရင် ကုန်တင်ကုန်ချ လုပ်ငန်းခွင်က အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ စားဝတ်နေရေးအတွက်ပါ ခက်ခဲလာနိုင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အရင်ကနေ့စဉ် ကုန်တင်ယာဉ်အစီးရေ ၁၀၀၀ ဝန်းကျင်လောက် ဝင်ထွက်သွားလာနေရာကနေ ကိုဗစ်ကာလမှာ ကုန်တင်ယာဉ်အစီးရေ ၄၀၀ ခန့်သာဝင်ရောက်လို့ ကုန်ဝင်စီးဆင်းမှု နည်းပါးလာတယ်လို့ ကုန်တင်ယာဉ်ရပ်နားစခန်းကနေ စုံစမ်းသိရပါတယ်။ ဘုရင့်နောင်ပွဲရုံနဲ့ ကုန်တင်ယာဉ်ရပ်နားစခန်းကို ၁၉၉၀ အောက်တိုဘာ ၁၈ ရက်က စဖွင့်ပြီး ပွဲရုံဆိုင်ခန်းပေါင်း ၁၁၅၀ ကျော် ရှိကာ ရန်ကုန်တိုင်းအတွင်း စားသောက်ကုန်စည်မျိုးစုံကို အဓိကဖြန့်ဖြူးရောင်းချနေတဲ့နေရာ ဖြစ်ပါတယ်။  Photo - JPaing / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024