Home
မြန်မာသတင်း
ကိုရီးယား၊ အင်ဒိုနီးရှား၊  ဗြိတိန်နှင့် အမေရိကန်ရောက် မြန်မာနိုင်ငံသား ၁၂၀ ကို လေယာဉ်ဖြင့် ပြန်ခေါ်ယူ  
DVB
·
May 8, 2020
222222
တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊  ဗြိတိန်နဲ့ အမေရိကန်မှာ အကြောင်းအမျိုးမျိုးနဲ့  ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၂၀ ဦး ကို အစိုးရက  ဒုတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) နဲ့ ရန်ကုန်ကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ COVID-19 ရောဂါကပ်ဘေးကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားချိန်မှာ အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI)နဲ့  မေလ ၈ ရက် ဒေသစံတော်ချိန် ညနေ ၆နာရီလောက်မှာ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့  ပြန်ပို့ဆောင်ခဲ့တာပါ။ နေရပ်ပြန်လာသူတွေအထဲမှာ ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား ၁၀၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗြိတိန်နိုင်ငံနဲ့  အမေရိကန် ပြည်ထောင်စုတို့မှ လာရောက်တဲ့ မြန်မာနိုင်ငံသား ၁၆ ဦး၊ စုစုပေါင်း ၁၂၀ ဦးပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024