KNU /KNLA (PC) ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ထိန်မောင် ကွယ်လွန်
DVB
·
May 4, 2020
KNU /KNLA (PC) ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ထိန်မောင် အသက် (၉၃) နှစ်ဟာ သူ့ရဲ့ဌာနချုပ်ရှိရာ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးမှာ မေလ ၃ ရက်နေ့ ညနေပိုင်းက လူကြီးရောဂါ နဲ့ ကွယ်လွန်သွားပါတယ်။
ဗိုလ်ချုပ်ကြီး ထိန်မောင်ဟာ ကေအန်ယူ တပ်မဟာ ၇ တပ်မှူးအဖြစ် တာဝန်ထမ်းနေစဉ် ၂၀၀၇ မှာ နအဖနဲ့ငြိမ်းချမ်းရေးယူခဲ့ပြီး KNU /KNLA ငြိမ်းချမ်းရေးကောက်စီကို သီးခြားဖွဲ့စည်းခဲ့တာပါ။
ဧရာဝတီတိုင်း သာပေါင်း ဇာတိဖြစ်ပြီး သူဟာ ကရင့်တော်လှန်ရေးမှာ တောက်လျှောက်ပါဝင်ခဲ့သူဖြစ်ပါတယ်။
သူဟာ ဗိုလ်ချုပ်အောင်ဆန်း ကွန်လွန်ပြီး ဈာပန အခမ်းအနား ကျင်းပစဉ်က ဗိုလ်ချုပ်ရဲ့ ရုပ်ကလပ်မှာ အစောင့်တပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်တယ်လို့ ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစဉ်မှာ သူကိုယ်တိုင်ပြောပြခဲ့ဖူးပါတယ်။
KNU /KNLA (PC) ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် အန်စီအေကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
သူရဲ့ ဈာပနကို မနက်ဖြန် မေလ ၅ ရက်နေ့ ထို့ကော်ကိုးဌာနချုပ် အာဇာနည်ဗိမာန်ကုန်းမှာ စစ်အခမ်းအနားနဲ့ ဂူသွင်းသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - စောကျော်ဝင်း PC