Home
မြန်မာသတင်း
မလတ်တောင်ပြိုကျပြီး နေအိမ်ပျက်စီးသွားသူများအတွက် အစိုးရက အိမ်ရာဆောက်လုပ်ပေးအပ်
DVB
·
April 29, 2020
68859097_2509746472498744_3595520722111299584_o-622x467
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ မလတ်တောင်ပြိုကျပြီး ၉ လနီးပါး အကြာမှာ ကျန်ရစ်သူ မိသားစုဝင်တွေကို  အစိုးရက အိမ်ရာတွေ ဆောက်လုပ် ပေးအပ်လိုက်ပါတယ်။ လူအစုလိုက်အပြုံအလိုက် သေဆုံးခဲ့တဲ့ ပေါင်မြို့နယ် ရဲပြားကုန်းကျေးရွာက မလတ်တောင် ပြိုကျတာဟာ အခုဆိုရင် ၉ လ နီးပါး ရှိသွားပြီဖြစ်ပါတယ်။  တောင်ပြိုကျမှုမှာ နေအိမ်ပျက်စီးခဲ့တဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို မွန်ပြည်နယ်အစိုးရ အဖွဲ့က ဧပြီ ၂၈ ရက်နေ့မှာ ကျပ်သိန်း ၁၂၀ ဝန်းကျင်တန်ဖိုးရှိ အိမ်ရာ၂၁လုံးကို ပေးအပ်ခဲ့တာပါ။  ဒီအိမ်ရာတွေကိုတော့ သဲဖြူကုန်း ကျေးရွာက အစိုးရပိုင် စားကျတ်မြေမှာ ကျပ်သိန်း ၇၀၀၀ ကျော် ကုန်ခံကျတည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်ရစ်သူ မိသားစုဝင်တွေက တောင်ပြိုမှုမှာ ပါဝင်ခဲ့တဲ့ လက်ဝတ်ရတနာပစ္စည်းတွေကို ပြန်ပေးဖို့ တောင်းဆိုကြပါတယ်။  မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစဝန်ကြီး ဦးထွန်းမင်းအောင်က တော့တောင်ပြိုမှုမှာ ပြန်လည်ရရှိခဲ့တဲ့ လက်ဝတ်ရတနာပစ္စည်းတွေဟာ ပိုင်ရှင်ဖြစ်သူတွေကို ခွဲခြားဖို့ အခက်အခဲရှိတဲ့အတွက်ကြောင့် ဥပဒေ အကြောင်းအရ ပြည်နယ်ဥပဒေချုပ်မှာ အကြံတောင်းခံပြီး ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024