COVID-19 ကာကွယ်ရန် သီရိမင်္ဂလာဈေးတွင် ဒုတိယအကြိမ် ပိုးသတ်ဆေးဖျန်း
သူဇာလင်း
·
April 7, 2020
အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဧပြီ ၇ ရက်က ရန်ကုန်မြို့ သီရိမင်္ဂလာဈေးဝင်းအတွင်းမှာ မီးသတ်တပ်ဖွဲ့ဝင်တွေက ပိုးသတ်ဆေးတွေ ဒုတိယ အကြိမ် လိုက်လံ ပက်ဖျန်းခဲ့ပါတယ်။
ဒါ့အပြင် ရွှေပိတောက်ငါးဈေးနဲ့ ဘူတာရုံလမ်းတွေမှာလည်း ဆေးဖျန်းတာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ လှိုင်မြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးအောင်ဟိန်းကျော် က ပြောပါတယ်။
မနက်ဖြန် ဧပြီလ ၈ ရက်မှာတော့ ကန်လမ်းတလျှောက်ကိုလည်း ပိုးသတ်ဆေးဖျန်းဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
ဧပြီလ ၆ ရက်အထိ နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ ခရိုင် ၅၅ ခုရဲ့ မြို့နယ် ပေါင်း ၁၂၃ မြို့နယ်မှာ ပိုးသတ်ဆေး အကြိမ်ပေါင်း ၃၂၆ ကြိမ် ပက်ဖျန်းပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးကပြောပါတယ်။
ပိုးသတ်ဆေးဖျန်းတာတွေလုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေ အပါအဝင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဈေးစည်ပင်၊ အားမာန် ပရဟတိတအဖွဲ့နဲ့ စေတနာလူငယ်ရှင်များအသင်း ပရဟိတအသင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။