အဆိုတော် အောင်ရင် ရောဂါ ပျောက်ကင်းသက်သာလာ
DVB
·
April 3, 2020
အင်္ဂလန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဝါရင့်အဆိုတော်တယောက်ဖြစ်တဲ့ အောင်ရင်ဟာ ကျန်းမာရေးမကောင်းဖြစ်နေရာက လက်ရှိမှာတော့ ပြန်လည် ပျောက်ကင်းသက်သာလာခဲ့ပြီ လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောပါတယ်။
COVID- 19 ကူးစက်ခံရတဲ့ ရောဂါလက္ခဏာတွေရှိနေတာနဲ့ ပတ်သက်ပြီး အောင်ရင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မတ်လ ၂၃ ရက်က မိသားစုဓာတ်ပုံတွေနဲ့အတူ ပရိသတ်တွေကို အသိ ပေးခဲ့တာဖြစ်ပြီး အနုပညာရှင်တွေကရော ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်ခဲ့ကြပြီး အားပေးစကားတွေ မှတ်ချက်တွေပေးခဲ့ကြတာပါ။
ဒီကနေ့မှာတော့ ပျောက်ကင်းသက်သာခဲ့ ပြီဖြစ်တဲ့အကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်ကတဆင့် ခုလိုမျှဝေထားခဲ့တာကို တွေ့ရပါတယ်။
“မင်္ဂလာပါ… ကိုဗစ်လား ငဗစ်လားမသိပါဘူး… ကျနော်နေမကောင်းတော့ ဘိလပ်က သူငယ်ချင်းဆရာဝန်က COVID- 19 ကူးစက်ခံရတဲ့ လက္ခဏာပြနေတယ် ပြောပါတယ်… အင်္ဂလန်မှာ ဒီလက္ခဏာပြပေမဲ့အိမ်မှာပဲနေရတယ် Test လုပ်မှသာလျှင် Positive လား… Negative လားသိနိုင်ပါမယ်… ဒီမှာက ဆေးရုံတက်ရတဲ့သူပဲ Test လုပ် ပေးပါတယ်… ဆေးရုံကိုလည်းအသက်ရှုရတာခက်တဲ့လူနာမှသာလက်ခံပြီးတင်ပါတယ် … ဘာပဲဖြစ်ဖြစ် ကျနော်နေကောင်းပါပြီ… ဆုတောင်းမေတ္တာပို့သပေးသူများအားလုံး ကျေးဇူးတင်ရှိပါတယ်… ပါရာစီတမော ၂ လုံး ၄ ကြိမ်နဲ့ ၁၂ ရက်… မနက်တိုင်း Vitamin C တလုံးသောက်ပါတယ်… ဘိလပ်က ကျနော့်ရဲ့သူငယ်ချင်း ဆရာဝန် ၃ ယောက်ဟာလည်း Corona Virus ကြောင့်နေမကောင်းဖြစ်တာ အိမ်မှာ ၂ ပါတ် self quarantine လုပ် ပြီး ပြန်ကောင်းတာတွေ့ရလို့ အမျိုးတွေကိုလည်း သိပ်ပြီး အကြောက်မလွန်ဖို့ ပြောချင်ပါ တယ်… ကိုယ်ခံအားကောင်းဖို့သာဂရုစိုက်ကြပါ… ကျနော့်ကိုလည်း ကိုယ်ခံအားကောင်း ဖို့ ယခုလိုချက်ပြုတ်ကျွေးတဲ့ ဒေါ်မိုးကိုလည်း ကျေးဇူးတင်ပါတယ်ဗျ”
ကမ္ဘာ့နိုင်ငံတွေအနှံ့ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရမှုဟာ ကပ်ရောဂါအ သွင်ဆောင်လာခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်ထိ ကူးစက်ခံ ရသူ ၂၀ ယောက်နဲ့သေဆုံးသူ ၁ ယောက်ရှိနေပြီဖြစ်ပါတယ်။