ကျပ်သိန်းတစ်သောင်းခွဲထီဆုကို မင်္ဂလာတောင်ညွန့်မြို့နယ်နေ အမျိုးသမီး ၁ ဦး ဆွတ်ခူး
DVB
·
April 1, 2020
၁၄ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ အောင်ဘာလေထီဆုကို ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ နေထိုင်သူ ဒေါ်စန်းစန်းမြင့်က ဆွတ်ခူးသွားပါတယ်။
ဒီနေ့မနက် အောင်ဘာလေထီဖွင့်ပွဲမှာ ပေါက်မဲနံပါတ် ဗ အက္ခရာ ၄၉၄၅၇၈ နဲ့ ရွှေမြန်မာ မင်္ဂလာရွှေမောင်းထီဆိုင်ကြီးကနေ ဆွတ်ခူးသွားတာပါ။
ကျပ်သိန်းတစ်သောင်းဆုကိုတော့ (ကက-၅၉၂၃၀၂) နံပတ်၊ ကျပ်သိန်းငါးထောင်ဆု ကိုတော့ (ဘ-၂၈၇၂၅၁)နဲ့ (ကက-၈၄၁၅၂၂) နံပတ်တို့က အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။
အရင်ကတစ်စောင်ကို ကျပ် ၁၀၀၀ အထက် ရောင်းချမှုတွေရှိခဲ့တဲ့ အောင်ဘာလေထီလက်မှတ်ဈေးနှုန်းတွေက လက်ရှိမှာ COVID-19 ဂယက်ကြောင့် တစ်စောင်ကို ကျပ် ၇၀၀၊ ၈၀၀အထိဈေးကွက်မှာ ဈေးချရောင်းချမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့လကလည်း ထီလက်မှတ်ရောင်းအား ကျဆင်းပြီး ထီလက်ကျန်တွေရှိခဲ့တယ်လို့ လက်လီရောင်းချတဲ့ ထီဆိုင်တွေကနေ သိရပါတယ်။
(၁၄)ကြိမ်မြောက်ကျပ်တစ်ထောင်တန်အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှာ ထီစာအုပ်စုစုပေါင်း ၃၂၇၀,၀၀၀ ကျော်ကို ကုန်စင်အောင်ရောင်းချနိုင်ခဲ့တယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲကနေ သိရပါတယ်။
စိုးချစ်ချစ်ပိုင်