Home
မြန်မာသတင်း
ထိုင်းက ပြန်လာသူ ဖျားနာသဖြင့် ပုသိမ်ဆေးရုံကြီးတွင် သီးသန့်ခွဲစောင့်ကြည့်
DVB
·
March 27, 2020
Patehin Hospital
Patehin Hospital 1
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ် ၂၆ ရက်နေ့ ညပိုင်းက ကံထူးမောင်ခရီးသည်ယာဉ်နဲ့ လိုက်ပါလာတဲ့ ထိုင်းကပြန်လာတဲ့ အမျိုးသားတဦး ဖျားနာတာကြောင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ခေါ်ယူပြီး သီးသန့်ခွဲထား စောင့်ကြည့်ပေးထားတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က “သူက ထိုင်းက ပြန်လာတာ၊ ဟိုမှာနေတုန်းက ဖျားခဲ့တာ ၅ ရက်လောက်၊ ခုတော့ ဖျားတာမရှိဘူး။ ဒါပေမဲ့ အိမ်ပြန်ရောက်ရင် လျှောက်သွားတာမျိုးတွေ လုပ်နေမှာစိုးလို့ ဆေးရုံကြီးမှာ ခေါ်ပြီး ခွဲထားတာပါ၊ သံသယလူနာမဟုတ်ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဖျားနာလို့ ပုသိမ်ဆေးရုံပြီးမှာ ခေါ်ယူစောင့်ကြည့်ခံနေရသူဟာ သာပေါင်းမြို့နယ်ဇာတိ အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသားတဦးဖြစ်ပြီး ထိုင်းနိုင်ငံကနေ ၂၃ ရက်နေ့ကပြန်ဝင်လာတာပါ။ မြဝတီကဆင့် ရန်ကုန်၊ ရန်ကုန်မှတဆင့် မြောင်းမြကားကို စီးကာ မြောင်းမြလမ်းခွဲမှာ ဆင်းကျန်နေခဲ့ချိန် တာဝန်ရှိတဲ့သူတွေက စစ်ဆေးပြီး ဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံစေခဲ့တာလို့ ဆိုပါတယ်။ အဆိုပါအမျိုးသားကို ကားဆိုက်ရောက်ချိန်မှာ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေက အပူချိန်တိုင်းချိန်မှာ ဖျားနာတာမျိုးမရှိပေမယ့် အိမ်ကိုပြန်လွှတ်ရင် အိမ်မှာမနေမှာစိုးလို့ လူတွေနဲ့မထိတွေ့အောင် ဆေးရုံကိုခေါ်ပြီး သီးသန့်ခွဲထားရတာလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ကမ္ဘောဒီးယားနိုင်ငံက ပြန်လာတဲ့ အသက် ၃၈ နှစ် အရွယ် အမျိုးသားတဦး ဖျားနာနေတဲ့အတွက် ဆေးရုံကြီးမှာ ခေါ်ယူစောင့်ကြည့်ခဲ့ရတယ်လို့ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024