Homeမြန်မာသတင်း
မိုင်းတုံမြို့နယ် ပုံပါကျင်ဒေသတွင် ထိုင်းနိုင်ငံဘက်မှ ခိုးဝင်လာသူများကို တားဆီးရန်လိုအပ်နေ
မိုင်းတုံမြို့နယ် ပုံပါကျင်ဒေသတွင် ထိုင်းနိုင်ငံဘက်မှ ခိုးဝင်လာသူများကို တားဆီးရန်လိုအပ်နေ
DVB
·
March 25, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်ဒေသမှာ ထိုင်းနိုင်ငံဘက်နေ ခိုးဝင်လာသူတွေ နေ့စဉ်နဲ့အမျှရှိနေတဲ့အတွက် လုံခြုံရေးကျိုးပေါက်ပြီး COVID-19 ကူးစက်ပြန့်ပွား ဝင်ရောက်လာနိုင်တဲ့အတွက် တားဆီးဖို့လိုအပ်နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ်ဘက်ကနေ မြန်မာနိုင်ငံ မိုင်းတုံမြို့နယ် ပုံပါကျင်ဒေသအတွင်း တရားမဝင် ခိုးဝင်လမ်းကြောင်းတွေကနေ ဝင်ထွက်လိုသူတွေအတွက် လူပွဲစားတွေကနေ လူတဦးကို ထိုင်းဘတ်ငွေ ၃၀၀ ကနေ ၁၀၀၀ အကြား ကောက်ခံကာ နယ်စပ်လုံခြုံရေးအဖွဲ့တွေနဲ့ညှိနှိုင်းပြီး ညအချိန်မှာ ခိုးဝင်သွားလာမှုတွေ နေ့စဉ်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုလို ခိုးဝင်နေတဲ့အတွက် COVID-19 နဲ့ ပတ်သက်ပြီး ကျန်းမာရေးအတွက် စိစစ်ဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ဒါကြောင့် ဝင်ရောက်လာသူတွေ အနေနဲ့ ကျန်းမာရေးဌာနတွေကို သတင်းပေးပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်” လို့ မြို့နယ်ကျန်းမာရေး ဦးစီးအရာရှိက ပြောပါတယ်။
ထိုင်း- မြန်မာနယ်စပ်တလျှောက်မှာ အရင်က တရားဝင်ဂိတ်ပေါက်တခုဖြစ်တဲ့ ဘီပီဝမ်းဂိတ်ကို ၂၀၀၁ ခုနှစ်မှစတင်လို့ ပိတ်သိမ်းထားတာကြောင့် တရားမဝင် လူသွားလမ်းကြောင်းတွေ ပေါ်ပေါက်လာပြီး နေ့စဉ်ဝင်ထွက်တာတွေရှိနေတဲ့အတွက် လုံခြုံရေးအရ ပိတ်ဆို့တားဆီးနိုင်ဖို့ အခက်အခဲဆုံးဒေသတစ်ခုဖြစ်နေတာပါ။