တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးမည့် ဆရာများကို COVID-19 ပညာပေး
DVB
·
March 23, 2020
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေစစ်ဆေးကြမယ့် ဆရာ၊ ဆရာမတွေ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်စေဖို့ ကျန်းမာရေးဝန်ထမ်းတွေက ဒီကနေ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပညာပေး ဟောပြောခဲ့ကြပါတယ်။
ကမာရွတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူပေါင်းပြီး COVID-19 ကာကွယ်ရေးအတွက် Fever surveillance လုပ်ငန်းတွေ ဆောင်ရွက်ခြင်းနဲ့ COVID-19 အကြောင်း ဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေစစ်ဆေးကြမယ့် ဆရာ၊ ဆရာမတွေဟာ ရောဂါ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် အဖြေလွှာစစ်ဆေးမယ့် အစီအစဉ်ကို ပြန်သုံးသပ်ဖို့ ဆရာ ဆရာမများ သမဂ္ဂက တောင်းဆိုထားပါတယ်။