ရွှေ နှစ်ပိဿာကျော်ရှိ ဗုဒ္ဓ၏ ၁၀၈ ကွက် စက်လက္ခဏာကို အစိုးရဘဏ်တွင် အပ်နှံ
DVB
·
March 22, 2020
မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာမှာ အပူဇော်ခံတဲ့ ရွှေသား နှစ်ပိဿာကျော်လောက်ရှိတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ၁၀၈ ကွက်စက်လက္ခဏာကို မြန်မာ့စီးပွားရေဘဏ်တခုမှာ သိမ်းဆည်းအပ်နှံခဲ့တယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။
မန်းရွှေစက်တော်ဘုရား ဂေါပကအတွင်းရေးမှူး ဦးခင်မောင်စိုးက “ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်နိုင်အောင် ဘုရားပွဲတော် ပိတ်သိမ်းလိုက်တဲ့အတွက် အောက်စက်တော်ရာ ပါဒခြေတော်ရာကို မြန်မာ့စီးပွားရေးဘဏ်မှာ ထိန်းသိမ်းစောင့်ရှောက်လိုက်တာပါ။ စက်လက္ခဏာကို နှစ်စဉ် ပွဲတော်ရက်မတိုင်မီ တရက်လိုမှာ ခြေတော်ရာခုံမှာ နံပါတ်စဉ်အလိုက် တပ်ဆင်ပြီး အပူဇော်ခံထားရှိတာပါ။ အောက်စက်တော်ရာရှိ ခြေတော်ရာကိုတော့ အစဉ်အလာမပျက် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ပိတ်သိမ်းမယ်”လို့ ဆိုပါတယ်။
သမိုင်းပညာရှင်တဦးဖြစ်တဲ့ ဦးစိန်ဝင်းက “စက်လက္ခဏာကို ၁၉၇၆ ခုနှစ်က တမ္ပဝတီ ဦးဝင်းမောင်က ပုံစံထုတ်ပြီး စစ်ကိုင်းမြို့မှ ပန်းထိမ်ပညာရှင် ဦးတင်မောင်က ထုလုပ်ခဲ့တာပါ” လို့ ဆိုပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲတော်ဟာ နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့ကနေ မြန်မာ နှစ်ဆန်း ၁ ရက်နေ့ထိ ရက် ၈၀ ကြာ ကျင်းပတဲ့ ပွဲတော်တခုဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့ ပွဲတော်ကာလတဝက်လောက်နဲ့ ပိတ်သိမ်းခဲ့တာပါ။
မင်းထီး