မန်းကျုံးဘေးမြို့တော်အလှ ဖျက်ဆီးသူကို စည်ပင်က ဒဏ်ငွေကျပ် ၂ သိန်းတပ်ရိုက် အရေးယူ
DVB
·
March 12, 2020
မန္တလေးမြို့ရဲ့ အလှအပ ဖျက်ဆီးသူကို မြို့တော်စည်ပင်က ဒဏ်ငွေကျပ် ၂ သိန်း တပ်ရိုက် အရေးယူခဲ့တယ်လို့ မြို့တော်ဝန် ဦးရဲလွင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
အဆိုပါ ပြစ်မှုကျူးလွန်သူ အမျိုးသားဟာ မန္တလေးမြို့ရဲ့ အထင်ကရ ပြယုဒ်တခု ဖြစ်တဲ့ ကျုံးဘေးက ငုပန်းပင်ရဲ့ ပင်စည်ကို လှုပ်ခါပြီး အပွင့်တွေကို ချွေချနေခဲ့တာဖြစ်ပြီး အဲဒီအဖြစ်အပျက်ကို ရိုက်ယူထားခဲ့တဲ့ ရုပ်သံဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာ တွေပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။
ဘာကြောင့် ခုလိုလုပ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရပဲ ခုလိုမြို့တော် အလှဖျက်ဆီးတဲ့အတွက် အင်တာနက်အသုံးပြုသူတွေေက စိတ်ဆိုးဒေါသထွက်နေခဲ့ကြ တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ တရားခံကို စည်ပင်သာယာအထူးတရားရုံးကနေ စည်ပင်ဥပဒေပုဒ်မ ၁၁၆ အရ အမြင့်ဆုံးပြစ်ဒဏ် ဒဏ်ငွေ ကျပ် ၂ သိန်း တပ်ရိုက် အရေးယူခဲ့ပြီး နောက်ထပ်ကျူးလွန်မယ်ဆိုရင်တော့ ထောင်ဒဏ်ထိ အပြစ်ပေး အရေးယူသွားမှာ ဖြစ် တယ်လို့ ဆိုပါတယ်။
မြို့တော်ဝန်က ပြစ်မှုကျူးလွန်သူ တရားခံကို ဖမ်းဆီးနိုင်ရေးအတွက် မန္တလေးမြို့ တော်စည်ပင်ကို တိုင်ကြားသူတွေ၊ group ကို တင်ပြသူတွေနဲ့ သတင်းပေးသူတွေ အား လုံးကို မြို့တော်ကိုယ်စား ကျေးဇူးတင်ကြောင်းလည်း ရေးသားဖော်ပြထားခဲ့တာပါ။