Home
မြန်မာသတင်း
စွန့်ပစ်အမှိုက်မှ မြေသြဇာထုတ်စက်ရုံ မကွေးမြို့တွင် တည်ဆောက်မည်
DVB
·
March 11, 2020
89352451_2272352566399525_1183089105785847808_n
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ စွန့်ပစ်အမှိုက်ကနေ မြေသြဇာထုတ်တဲ့စက်ရုံ တည်ဆောက်မယ်လို့  မကွေးမြို့နယ် စည်ပင်သာယာရေးဌာနက သိရပါတယ်။ မကွေးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်မျိုးသိန်းက"ပြင်သစ် အခြေစိုက် INGO အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ GRET Myanmar အဖွဲ့က ဆောက်လုပ် လှူဒါန်းမှာဖြစ်လို့ မြေနေရာတိုင်းတာ သတ်မှတ်ပြီးဖြစ်တယ်။ မကွေး အမှိုက်ကျင်းက ၇ ဧကလောက် ကျယ်ဝန်းပြီး စက်ရုံတည်ဆောက်ဖို့အတွက် တင်ဒါပေးပြီးဖြစ်ပါတယ်၊ "လို့ပြောပါတယ်။ အမှိုက်မှ ဇီဝဓာတ်မြေသြဇာထုတ်လုပ်နိုင်ဖို့ အချိန် ၂ နှစ်ကျော်လောက်လေ့လာခဲ့ရပြီး GRET Myanmar က  ငွေကျပ် ၁၈ သန်းနီးပါး ကုန်ကျခံ တည်ဆောက်ပေးမှာ ဖြစ်သလို စက်ရုံတည်ဆောက်ပြီးပါက စည်ပင်ဝန်ထမ်းတွေကို သင်တန်ပေးကာ အပြီးလှူဒါန်းပေးမှာ ဖြစ်ပါတယ်။ မကွေးမြို့မှာ နေ့စဉ် အမှိုက်တန်ချိန် ၅၀ ကျော်ထွက်ရှိပြီး စက်ရုံပြီးစီးပါက ဇီဝမြေသြဇာ ၇၀ ရာခိုင်နှုန်းကျော် ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024