Home
မြန်မာသတင်း
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများ နိုင်ငံတဝန်းစတင်စစ်ဆေး
ဆုဆုသွယ်
·
March 11, 2020
89843572_2813231935424563_6530387706441105408_o
89394060_2813231025424654_1462453230624571392_o
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မနက်က  မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနတွေမှာ စတင်စစ်ဆေးနေပါတယ်။  ဒီနေ့မှာတော့ ကျောင်းသား၊ကျောင်းသူတွေဟာ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုနေကြပြီဖြစ်ပါတယ်။  ဒီနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုဖို့ အမည်စာရင်းတင်သွင်းထားတဲ့ ကျောင်းသား ကျောင်းသူ ၉၇၀၀၀၀ ရှိပြီး  အရင်နှစ်ကထက် ၁ သိန်းနီးပါးလောက် ပိုတိုးလာပါတယ်။  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသား၊ကျောင်းသူတွေထဲမှာ မသန်စွမ်း ကျောင်းသား၊ကျောင်းသူ ၁၈၉ ဦး ပါဝင်သလို အကျဉ်းထောင်စာစစ်ဌာနတွေမှာ လည်း အကျဉ်းသားစာဖြေသူ ၁၈၈ ဦးလည်း ဝင်ရောက်ဖြေဆိုနေပါတယ်။  ကျောင်းသား၊ကျောင်းသူတွေအတွက် နိုင်ငံခြားစာစစ်ဌာန ၁၅ ခု အပါအဝင်တစ်နိုင်ငံလုံးမှာ စာစစ်ဌာန ၁၉၉၉ ခု ဖွင့်လှစ်ပြီး စစ်ဆေးနေတာဖြစ်ပါတယ်။  ဒီနှစ်မှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ စာစစ်ဌာန ၁၀၀ ကျော် တိုးချဲ့ဖွင့်လှစ်ထားပါတယ်။  နယ်မြေငြိမ်းချမ်းမှုမရှိတဲ့ တိုင်းရင်းသားဒေသတချို့မှာတော့ စာမေးပွဲဖြေဆိုရက် နီးကပ်မှ စာစစ်ဌာနတွေကို မြို့ပေါ်ကိုပြောင်းရွေ့လိုက်တာတွေရှိပါတယ်။  တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024