ရုပ်ရှင်ပြသမှုနှင့်ပတ်သက်ပြီး ရုံပိုင်ရှင်များနှင့်ထုတ်လုပ်သူများဆွေးနွေး
သူသူအောင်
·
March 6, 2020
ရုပ်ရှင် ရုံပိုင်ရှင်တွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူများ ညှိနှိုင်း အစည်းအဝေးကို မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပါတယ်။
ရုပ်ရှင်ကားထုတ်ရွေးချယ်ပြသခြင်းစနစ်နဲ့ ရုံရှင်တွေ ရွေးချယ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို တခြားရုပ်ရှင်ရုံ ပိုင်ရှင်တွေပြသဖို့အတွက် ခက်ခဲမှုတွေရှိနေခဲ့တာတွေ ဆွေးနွေးခဲ့ကြပါတယ်။
Paradiso Cinemas ရုပ်ရှင်ရုံနဲ့ မင်္ဂလာ ရုပ်ရှင်ရုံ၊ JCGV ရုပ်ရှင်ရုံတို့မှာ အရင်က ရုံရှင်ကားရှင်စနစ်တွေနဲ့ ပြသခဲ့ရတာပါ။
ဆွေးနွေးပွဲအပြီးမှာတော့ ရုံရှင်အကြိုက်ရွေးချယ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရုပ်ရှင်ရုံပြိုင်ရှိတဲ့နေရာတွေ မှာ အတူပြသခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
အခုလို ရုပ်ရှင်ရုံပိုင်ရှင်တွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေက လက်ရှိဖြစ်ပေါ်နေတဲ့ ရုပ်ရှင်ကားရှင် စနစ်နဲ့ ပတ်သက်ပြီး လာမယ့် မတ်လ ၁၆ ရက်နေ့မှာ ဆက်လက်ဆွေးနွေးသွားဖို့ ရှိနေပါတယ်။