လမ်းမတော် သံဈေးမီးလောင်မှုတွင် ပိတ်မိနေသူ ၃၇ ဦးကို ကယ်ဆယ်ထား
DVB
·
February 20, 2020
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ၂ ရပ်ကွက်၊ လမ်းမတော်လမ်း သံဈေးမှာ ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့မနက် ၆ နာရီလောက်က မီးလောင်မှုဖြစ်ပွားနေပြီး level 5 အဆင့်ယာဉ်အုပ်စုတွေနဲ့ မီးငြှိမ်းသတ်နေပါတယ်။
မီးလောင်ရာမှာ ဓာတ်လှေ ကားအတွင်းနဲ့ (၁၀)လွှာမှာ ပိတ်မိနေတဲ့သူတွေထဲက ၂၅ ယောက်ကို ရှာဖွေကယ်ဆယ်ရေး အထူးအဖွဲ့ဝင်တွေက ကယ်ဆယ်ထားနိုင်တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မနက် ၈ နာရီခွဲအချိန်မှာ မီးထိန်းထားနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာမှာ ဒီမနက် ၈ နာရီအထိ လူဦးရေ စုစုပေါင်း ၃၇ ဦး ကယ်ဆယ်ထားရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
မီးလောင်ရခြင်းအကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကိုတော့ အခုချိန်ထိမသိရသေးပါဘူး။
သတင်း/ ဓာတ်ပုံ - သင်းသင်းဇော်