Homeမြန်မာသတင်း
မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်သို့ ဝင်လာသည့်ကားများအပေါ် ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့်ပြု
မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်သို့ ဝင်လာသည့်ကားများအပေါ် ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့်ပြု
DVB
·
February 12, 2020
တရုတ်- မြန်မာနယ်စပ် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သစ်သီးဝလံ ကုန်စည်ဒိုင်ကို ဝင်ရောက်တဲ့ကားတွေအပေါ် ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့်ပြုလိုက်ပါတယ်။
ဝူဟန်ဗိုင်းရပ်စ်ရောဂါကြောင့် မူဆယ်နယ်စပ်မှာ ကုန်သွယ်မှု အခက်အခဲတွေဖြစ်ပေါ်နေတဲ့ အတွက် ကုန်သည်တွေဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ သစ်သီးဝလံကုန်စည်ဒိုင်က ကောက်ခံတဲ့ ကုန်စည်ဒိုင်ကြေးကို ကင်းလွတ်ခွင့်ပြုခဲ့တာပါ။
အရင်က ကားတစ်စီးကို ကျပ် ၅၀၀၀ ကုန်စည်ဒိုင်ကြေး ကောက်ခံခဲ့တာဖြစ်ပြီး အခုလ ဖေဖော်ဝါရီ ၁၀ ရက်မှ ၂၃ ရက်နေ့အတွင်း ဝင်ရောက်တဲ့ ကုန်ကားတွေအပေါ် ကင်းလွတ်ခွင့်ပြု သွားမှာဖြစ်မှာပါ။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ အခက်အခဲကြောင့် သီတင်း ၂ ပတ်လောက် ကင်းလွတ်ခွင့်ပြုပေးခဲ့တာဖြစ်ပြီးတော့ လိုအပ်မယ် ဆိုရင် ရက်တိုးမြှင့်သတ်မှတ်ပေးသွားမယ်လို့ ကုန်စည်ဒိုင်ကနေ သိရပါတယ်။
လက်ရှိ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆယ်နယ်စပ်ဂိတ်မှာ ကုန်သွယ်မှု ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီးတော့ တချို့ကုန်စည်တွေသာ အနည်းငယ် အရောင်းအဝယ်ရှိနေတာပါ။
စိုးချစ်ချစ်ပိုင်