Home
မြန်မာသတင်း
CB ဘဏ်ကို ဓားပြတိုက်ပြီး ဗုံးအတုထောင်သွားသူကို ဖမ်းမိရေး ရဲတပ်ဖွဲ့လိုက်လံစုံစမ်းနေ 
DVB
·
February 7, 2020
IMG_0198-2
IMG_0174
IMG_0154
IMG_0068
IMG_0062
IMG_0046
IMG_0026
IMG_0022
IMG_0013
ရန်ကုန် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ  CB ဘဏ်ခွဲတခုကို ဓားပြတိုက်ပြီး ဗုံးအတုထောင်ထွက်ပြေးသွားသူတွေကို  ဖမ်းဆီးရမိဖို့အတွက် ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံစုံစမ်းနေပါတယ်။ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊  ၃၅ ရပ်ကွက်၊ ပင်လုံလမ်း အမှတ် ၁၂၁၇ မှာရှိတဲ့ CB ဘဏ်ကို ဖေဖေါ်ဝါရီ ၇ ရက် နံနက်ပိုင်းက  လူနှစ်ဦးကဝင်ရောက်လာပြီး သေနတ်ပြကာ ဓားပြတိုက်သွားတာဖြစ်ပါတယ်။ သေနတ်ပြ ဓားပြတိုက်သူမှာ ၂ ဦးဟာ ဘဏ်ကနေ ငွေကျပ်သိန်း ၆၀၀ နီးပါးယူဆောင်ကာ ချိန်ကိုက်ဗုံးတခုထားရှိကာ ငှားယာဉ် ပရိုဘောက် CC/9965 နဲ့ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။  အဆိုပါချိန်ကိုက်ဗုံးကို ပြည်သူလူထုတွေ ထိခိုက်မှုမရှိစေဖို့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက ဗုံးရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ရာ ဗုံး အတုဖြစ်နေတာကို  စစ်ဆေးတွေ့ရှိပါတယ်။ Photo - Ye Myo Khant / MPA 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024