Home
မြန်မာသတင်း
ဝူဟန်ဗိုင်းရပ်စ်ကာကွယ်ရန် တာချီလိတ်တွင် အလိုအလျောက်အပူချိန်တိုင်းစက်ဖြင့် စစ်ဆေး
DVB
·
January 28, 2020
FormatFactoryIMG_6619
FormatFactoryIMG_6604
FormatFactoryIMG_6623
FormatFactoryIMG_6614
FormatFactoryIMG_6609
လတ်တလောဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု ကြိုတင်ကာကွယ်တဲ့အနေနဲ့ တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား (၁) မှာ အနီအောက်ရောင်ခြည်သုံး အလိုအလျောက် အပူချိန်တိုင်းစက်နဲ့ ခရီးသွားတွေကို မနေ့ညနေက စတင် စစ်ဆေးနေတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။ အဆိုပါ အပူချိန်တိုင်းစက်ကို နိုင်ငံခြားသားခရီးသွားအများဆုံး ဝင်ရောက်တဲ့ တံတား (၁)ရဲ့ ပြည်ပအဝင်ဘက်ခြမ်းမှာ ထားရှိထားပြီး ဝန်ထမ်းအင်အားလည်း ထပ်မံတိုးမြှင့်ကာ ခရီးသွားတွေကို စောင့်ကြည့် စစ်ဆေးသွားမယ်လို့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောပါတယ်။ Photo - Mekong News / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024