အာဆာအကြမ်းဖက်အဖွဲ့၏ မီးရှို့ခံခဲ့ရသည့် နံသာတောင်ကျေးရွာကို ရိက္ခာများထောက်ပံ့
DVB
·
January 28, 2020
အာဆာ အကြမ်းဖက်အဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့အနီးရှိ ရခိုင်တိုင်းရင်းသားတွေနေထိုင်တဲ့ နံသာတောင်ကျေးရွာရှိ မိသားစုဝင်တွေကို ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH)က မနေ့က စားနပ်ရိက္ခာ သွားရောက်ထောက်ပံ့ ပါတယ်။
"အမှန်တကယ် အကူအညီလိုအပ်တဲ့ ကျေးရွာဖြစ်တယ်။ ရွာသူ/သားတွေမှာ အလုပ်အကိုင်လည်း ရှိကြသေးဘူး။ ဒါကြောင့် ပထမဆုံးအနေနဲ့ ကူညီထောက်ပံ့ရတာ "လို့ CDNHအဖွဲ့ တာဝန်ရှိသူ ဦးအောင်ကျော်မိုးက ပြောပါတယ်။
CDNH အဖွဲ့က နံသာတောင်ကျေးရွာမှာ လက်ရှိနေထိုင်တဲ့ ရွာသား ၁၂၄ ဦးအတွက် တဦးကို ဆန် ၁၀ ပြည် ၊ ဆီ ၁ ဘူး၊ ငါးခြောက် ၁ ပိဿာ၊ အာလူး ၃၀ သား၊ ကြက်သွန် ၃၀ သား၊ ငရုပ်သီး ၁၅ ကျပ်သား၊ ထင်း ၁၀ ချောင်းစီ ကူညီထောက်ပံ့ခဲ့ပါတယ်။
နံသာတောင်ကျေးရွာဟာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်အတွင်း အာဆာ အကြမ်းဖက်အဖွဲ့ရဲ့ မီးရှိုခံခဲ့ရပြီးနောက် ကျေးရွာသူ/သား တွေဟာ မောင်တောမြို့ပေါ်နဲ့ ဆွေမျိုးတွေရှိရာ ကျေးရွာတွေမှာယာယီခိုလှုံနေထိုင်ခဲ့ရပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ရက်နေ့မှာ အိန္ဒိယအစိုးရက ဆောက်လုပ်လှူဒါန်းပေးတဲ့ နေအိမ် ၄၂ အိမ်မှာ ပြန်လည်နေထိုင်ကာ အရင်က လုပ်ကိုင်ခဲ့ကြတဲ့ ပုစွန်ကန် တာတမန်တွေ ပေါက်နေတာကြောင့် ဖားရှာငါးရှာအလုပ်တွေ လုပ်ကိုင်နေရပြီး စားဝတ်နေရေးအခက်အခဲကြုံ နေကြပါတယ်။
ကောင်းကောင်း